ပါဝင်ပစ္စည်းများ

ပေါင်မုန့် အချပ် အနည်းငယ် (ကိုယ်ကြိုက်နှစ်သက်သလောက်)

ခရမ်းချဉ်သီး ၁ လုံး သို့ ၂ လုံး

ချိစ် ၁၀၀ ဂရမ်

ဆီ

ပြုလုပ်နည်း

  • ခရမ်းချဉ်သီးကို ပါးပါးလေးတွေလှီးလိုက်ပါ။
  • ဒယ်အိုးကို မီးဖိုပေါ်မှာ အပူပေးပြီး ဆီထည့်ပါ။
  • ပေါင်မုန့်ကို ဟိုဘက်ဒီဘက်လှည့်ပြီး ကြော်လိုက်ပါ။
  • ချိစ်နဲ့ ခရမ်းချဉ်သီးကို ပေါင်မုန့်အပေါ်မှာတင်လိုက်ပြီး ဒယ်အိုးကို အဖုံးအုပ်ထားလိုက်ပါ။
  • ချိစ်အရည်ပျော်သွားရင် အသားညှပ်ပေါင်မုန့်လေးကို စားသုံးလို့ရပါပြီ။