တကယ်တမ်း အပြင်လောကမှာ နတ်ရေကန်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်စားသောက်မှုကို ဂရုစိုက်ရင်တော့ အိုမင်းရင့်ရော်တဲ့ နှုန်းကို နှေးအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးတွေဆိုတာက နောက်ဆုံးမှာ Berries နဲ့ ဆုံးတဲ့အသီးတွေကို ဆိုလိုချင်တာပါ။ စတော်ဘယ်ရီ (Strawberries) ၊ Blueberries၊ Raspberries စတဲ့ အသီးတွေဖြစ်ပါတယ်။

Antioxidants ပါဝင်မှုနဲ့ ဗီတာမင်စီပါဝင်မှုများတာကြောင့် အသားအရေ ကျန်းမာရေးအတွက်ကောင်းပါတယ်။ အသားအရေကို တင်းရင်းစေတဲ့ Collagen ဓာတ်ပါဝင်မှုကို ထိန်းသိမ်းထားနိုင်ပြီး အရေးအကြောင်းတွေကနေ ကင်းဝေးစေပါတယ်။

သလဲသီး

သလဲသီးမှာပါဝင်တဲ့ အစေ့တွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေအများကြီးပါဝင်နေပါတယ်။ Riboflavin ၊ Phosphorus နဲ့ တခြား အာဟာရဓာတ်တွေအများကြီးပါဝင်တာကြောင့် အသားအရေကို ကောင်းစေပါတယ်။ အဲ့ဒီအာဟာရဓာတ်တွေက Collagen ဓာတ်ကို မြှင့်တင်ပေးပြီး Collagen ဓာတ်က အသားအရေကို မလျော့တွဲအောင် ကူညီပေးပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင် B Complex၊ ဗီတာမင် E တို့ပါဝင်တာကြောင့် အသားအရေအတွက်ကောင်းပါတယ်။ ပိုတက်ဆီယမ်ပါဝင်တာကြောင့် အသားအရေကို စိုစွတ်စေပါတယ်။

ဖရဲသီး

ဖရဲသီးက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး စိုစွတ်အေးမြမှုကိုပေးစွမ်းနိုငပါတယ်။ ဖရဲသီး Smoothie ကိုသောက်တာဖြစ်ဖြစ်၊ ဖရဲသီး စားတာဖြစ်ဖြစ် သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နဲ့ Antioxidants တွေကိုပေးစွမ်းနိုင်ပြီး အသားအရေမှာ အရေးအကြောင်းဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင် B6၊ ဗီတာမင်စီတို့ပါဝင်တာကြောင့် အသားအရေရဲ့ ကျုံ့နိုင် ချဲ့နိုင်စွမ်းကို အထောက်အပံ့ဖြစ်စေပါတယ်။