အမျှင်ဓာတ်က သင့်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ ကာဗိုဟိုက်ဒရိတ်က အူလမ်းကြောင်းအတွင်းမှာရှိတဲ့ Microbiome ကို ရှင်သန်စေပြီး အစာချေဖျက်မှုကို ပံ့ပိုးပေးတဲ့အပြင် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးကာ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။

အမျှင်ဓာတ်များတဲ့ အစားအစာ ဒါမှမဟုတ် ဖြည့်စွက်စာများကို များများစားတဲ့အခါ ကိုယ်အလေးချိန်လျော့ချဖို့ကိုလည်း အထောက်အကူပေးပါတယ်။

သစ်သီးအခွံမှာပါတဲ့ အမျှင်ဓာတ်က အသီးအနှံသကြားတွေကို ဇီဝဖြစ်စဉ်ကို နှေးကွေးအောင် ကူညီပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်တွေ မတိုးပွားအောင် ကာကွယ်ပေးပါတယ်။ ဒါပေမယ့် စားလို့ ရတဲ့ အခွံတွေ အများကြီး ရှိပေမယ့် စားလို့မရတဲ့ အခွံတွေလည်း ရှိပါတယ်။ ဒါကြောင့် အူလမ်းကြောင်းကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေဖို့အတွက် စားပေးသင့်တဲ့အစားအစာများကို ဖော်ပြလိုက်ပါတယ်။

အာလူး

အာလူးမှာပါဝင်တဲ့ အမျှင်ဓာတ်ရဲ့  30-40% ဟာ သူ့ရဲ့အခွံမှာပါ။ အာလူးကို ရေအောက်မှာ ဆေးတဲ့အခါ အညစ်အကြေးတွေကို Brush နဲ့ ပွတ်ဆေးပေးပါ။ မျက်လုံးနဲ့ အပြစ်အနာအဆာတိုင်းကို ဖယ်ရှားဖို့ မလိုပါဘူး။အာလူးတွေကို အခွံနွှာရမယ်ဆိုရင်တော့ အခွံတွေကို သိမ်းဆည်းပြီး သံလွင်ဆီ ပင်လယ်ဆားနဲ့ ရောနယ်လိုက်ရင် အမျှင်ဓာတ်မြင့်မားတဲ့ အာလူးအရေခွံကြော်အနေနဲ့ ကင်ပြီးစားလို့ရပါတယ်။

ပန်းသီး

ပန်းသီးတစ်လုံးရဲ့ အမျှင်ဓာတ် 45% လောက်က သူ့ရဲ့အခွံမှာပါ။ ပန်းသီးအရေခွံတွေမှာ Pectin ကြွယ်ဝစွာပါဝင်တာကြောင့် အစာအိမ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ဆေးတဲ့အခါ ရေနဲ့သေချာပွတ်ဆေးပြီး အဝတ်စနဲ့ ပွတ်ပေးပါ။ ပြီးရင်တော့ သင်ကြိုက်သလို စားလို့ရပါပြီ။

Broccoli

Broccoli ရဲ့ အမျှင်ဓာတ်ဟာ အပွင့်တွေထက် ပင်စည်မှာပိုများပါတယ်။ ဒါပေမယ့် လူတွေကသတိမထားမိတာကြောင့် လွှင့်ပစ်တတ်ပါတယ်။ ဒါကြောင့် Broccoli ကို စားတော့မယ့်ဆို ပန်းပွင့်တွေသာမက  ပင်စည်များကိုသာ စားပေးသင့်ပါတယ်။

ရွှေဖရုံသီး

ရွှေဖရုံသီး အမျိုးအစားအားလုံးရဲ့အခွံတွေက စားလို့ပေမယ့်လည်း တကယ်တန်းစားဖို့တော့ ခက်ခဲလှပါတယ်။ ဒါကြောင့် ရွှေဖရုံသီးအခွံကိုစားမယ်ဆို အကောင်းဆုံးနည်းလမ်းက ကင်ပြီးစားတာပါ။ ဟင်းချက်တဲ့အခါ ပိုနေတဲ့အခွံတွေကို သိမ်းပြီး သံလွင်ဆီ ပင်လယ်ဆားအနည်းငယ်နဲ့ နယ်ပြီး အညိုရောင် ကြွပ်လာသည်အထိ မီးဖိုတွင် ကင်ထားပြီးလည်း စားလို့ရပါတယ်။

မုန်လာဥနီ

မုန်လာဥနီအခွံမှာ အမျှင်ဓာတ်နဲ့ အရေးကြီးတဲ့ အာဟာရဓာတ်တွေ အများကြီးပါတာကြောင့် အခွံမခွာဘဲ ရေနဲ့သေချာဆေးပြီး အစိမ်းဖြစ်ဖြစ် ပြုတ်စားတာဘဲဖြစ်ဖြစ် ကြိုက်သလိုလုပ်စားလို့ရပါတယ်။