သကြားများများစားရင် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ အများအားဖြင့် သိပြီးသားပါ။ အသီးအနှံတွေမှာ သဘာဝအားဖြင့် Fructose လို့ခေါ်တဲ့ သကြားပါ၀င်ပြီး ကောင်းမွန်သော အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ polyphenols နဲ့ phytonutrients တို့က ရောင်ရမ်းမှုနဲ့ ရောဂါများကို တိုက်ဖျက်ဖို့ အစွမ်းသတ္တိကို ပေးစွမ်းပြီး ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း၊ စိတ်ကျန်းမာရေးကို မြှင့်တင်ခြင်းနဲ့  ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။

ဖရဲသီး

နွေလိုပူပြင်းတဲ့ကာလတွေမှာ  ခံတွင်းတွေ့စေတဲ့ အဓိက အစားအစာကတော့ ဖရဲသီးပါ။ ဖရဲသီးမှာ Lycopene တို့လို့  Antioxidants ‌တွေ  အပြည့်အ၀ ပါဝင်ပါတယ်။ Lycopene က ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာဟာရဓာတ်တွေထဲက တစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲရောဂါများကို ကာကွယ်ပေးတဲ့အပြင် နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ ဆီးချိုရောဂါတို့ကို တိုက်ဖျက်ဖို့လည်း အများကြီး ကူညီပေးပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှာပါတဲ့ Vitamin C က သဘာဝ Barriers တွေကို အားကောင်းစေပါတယ်။ ဗီတာမင် C က ဗီတာမင်တစ်ခုအနေနဲ့သာမက  Antioxidant တစ်မျိုးလည်းဖြစ်တာကြောင့်  Oxidative Stress ကနေ ကာကွယ်ပေးပါတယ်။

သရက်သီး

“အသီးအနှံတွေရဲ့ဘုရင်” လို့ လူသိများတဲ့ သရက်သီးကို ကမ္ဘာတစ်ဝှမ်းမှာ စိုက်ပျိုးပြီး သရက်သီးမှာ ဗီတာမင် A နဲ့ C၊ ပိုတက်စီယမ်၊ ဖောလိတ်နဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

နာနတ်သီး

အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ နာနတ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝရုံသာမက ဖောလိတ်၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်တို့လည်း ပါဝင်ပါတယ်။ နာနတ်သီးရဲ့ နောက်ထပ်ထူးခြားချက် တစ်ခုကတော့ သူတို့မှာ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်တာကြောင့် အစာချေဖျက်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ နာနတ်သီးက ရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးဟာ တစ်နှစ်ပတ်လုံး ရနိုင်တဲ့ ဈေးမကြီးတဲ့ အသီးတစ်မျိုးပါ။ ငှက်ပျောသီးက ရောဂါကိုကာကွယ်ပေးနိုင်တဲ့ Carotenoids၊ Phenolics နဲ့  Phytosterols တို့ ပါဝင်တာကြောင့် ကင်ဆာအမျိုးအစားများစွာကို တိုက်ဖျက်နိုင်တဲ့အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါတယ်။