[Unicode]

တရုတ်စတိုင် ဝက်သား တောက်တောက်စဉ်းကြော်လေး လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ဝက်သား ၃၀ သား

ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံ

ထောင်းထားတဲ့ ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ထောင်းထားတဲ့ ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း

မတ်ပဲ ၃၅ ဂရမ်

ငရုတ်ပွသီး ၁လုံး ပါးပါးလှီးထားပါ

တောက်တောက်စဉ်းထားတဲ့ ကြက်သွန်ဖြူမြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း

နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ပြုလုပ်နည်း

အရင်ဆုံး ဒယ်အိုးကို မီးပြင်းပြင်းနဲ့ အပူပေးထားပါ။ ဒယ်အိုး ပူလာပြီဆိုမှ မီးပြန်လျှော့ပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ကို ထည့်ပါ။

ဆီဆူလာရင် မီးကို အလယ်အလတ်လောက်ထားပြီး ဝက်သား တောက်တောက်စဉ်းကိုထည့်ပါ။ အသားက အညိုရောင်ပြောင်းသွားရင် ပဲငံပြာရည်၊ သကြားတို့ကို ထည့်ပါ။ သေချာစွာ မွှေပါ။ ပြီးရင် အသားကို ဆယ်ထားပြီး ခွက်တစ်ခုထဲထည့်ထားပါ။

မီးကို လျှော့ကာ ဆီစားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ဂျင်းကိုထည့်ပါ။ တစ်မိနစ်လောက်ချက်ပြီးနောက် ကြက်သွန်ဖြူ၊ မတ်ပဲတို့ကိုထည့်ပါ။ ၁ မိနစ်နဲ့ ၂ မိနစ်လောက်ချက်ပါ။ မတူးသွားအောင် ဂရုစိုက်ပါ။

ငရုတ်ကောင်းကိုထည့်ပြီး မီးကို ပြန်မြှင့်ပါ။ ငရုတ်ပွသီး၊ ဝက်သား၊ ကြက်သွန်မြိတ်တို့ကိုထည့်ပြီး ပြန်ကြော်ပါ။

ပဲငံပြာရည်နဲ့ နှမ်းဆီတို့ကို ထည့်ပါ။ အပေါ့အငန်မြည်းပြီး ဆားထည့်ပါ။

ဒါဆိုရင် အရသာရှိတဲ့ တရုတ်စတိုင် ကြက်သွန်ဖြူ ဝက်သား တောက်တောက်စဉ်းကြော်လေး ရပါပြီ။

Photos Credit: Work of Life

[Zawgyi]

တရုတ္စတုိင္ ဝက္သား ေတာက္ေတာက္စဥ္းေၾကာ္ေလး လုပ္စားၾကည့္ရေအာင္။

ပါဝင္ပစၥည္းမ်ား

ဆီ စားပြဲတင္ဇြန္း ၃ ဇြန္း

ဝက္သား ၃၀ သား

ပဲငံျပာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း

သၾကား လက္ဖက္ရည္ဇြန္း ၁ ဇြန္းရဲ႕ ၄ ပံု ၁ပံု

ေထာင္းထားတဲ့ ဂ်င္း စားပြဲတင္ဇြန္း ၁ ဇြန္းရဲ႕ တစ္ဝက္

ေထာင္းထားတဲ့ ၾကက္သြန္ျဖဴ စားပြဲတင္ဇြန္း ၁ ဇြန္း

မတ္ပဲ ၃၅ ဂရမ္

ငရုတ္ပြသီး ၁လံုး ပါးပါးလွီးထားပါ

ေတာက္ေတာက္စဥ္းထားတဲ့ ၾကက္သြန္ျဖဴၿမိတ္ စားပြဲတင္ဇြန္း ၁ ဇြန္း

ႏွမ္းဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္းရဲ႕ တစ္ဝက္

ျပဳလုပ္နည္း

အရင္ဆံုး ဒယ္အိုးကို မီးျပင္းျပင္းနဲ႔ အပူေပးထားပါ။ ဒယ္အိုး ပူလာၿပီဆိုမွ မီးျပန္ေလွ်ာ့ၿပီး ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းေလာက္ကို ထည့္ပါ။

ဆီဆူလာရင္ မီးကို အလယ္အလတ္ေလာက္ထားၿပီး ဝက္သား ေတာက္ေတာက္စဥ္းကိုထည့္ပါ။ အသားက အညိဳေရာင္ေျပာင္းသြားရင္ ပဲငံျပာရည္၊ သၾကားတို႔ကို ထည့္ပါ။ ေသခ်ာစြာ ေမႊပါ။ ၿပီးရင္ အသားကို ဆယ္ထားၿပီး ခြက္တစ္ခုထဲထည့္ထားပါ။

မီးကို ေလွ်ာ့ကာ ဆီစားပြဲတင္ဇြန္း ၂ ဇြန္း နဲ႔ ဂ်င္းကိုထည့္ပါ။ တစ္မိနစ္ေလာက္ခ်က္ၿပီးေနာက္ ၾကက္သြန္ျဖဴ၊ မတ္ပဲတို႔ကိုထည့္ပါ။ ၁ မိနစ္နဲ႔ ၂ မိနစ္ေလာက္ခ်က္ပါ။ မတူးသြားေအာင္ ဂရုစိုက္ပါ။

ငရုတ္ေကာင္းကိုထည့္ၿပီး မီးကို ျပန္ျမွင့္ပါ။ ငရုတ္ပြသီး၊ ဝက္သား၊ ၾကက္သြန္ၿမိတ္တို႔ကိုထည့္ၿပီး ျပန္ေၾကာ္ပါ။

ပဲငံျပာရည္နဲ႔ ႏွမ္းဆီတို႔ကို ထည့္ပါ။ အေပါ့အငန္ျမည္းၿပီး ဆားထည့္ပါ။

ဒါဆိုရင္ အရသာရွိတဲ့ တရုတ္စတိုင္ ၾကက္သြန္ျဖဴ ဝက္သား ေတာက္ေတာက္စဥ္းေၾကာ္ေလး ရပါၿပီ။

Photos Credit: Work of Life