ကြက်သွန်ဖြူမှာ Antioxidants ဓာတ်တွေနဲ့ ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ဓာတ်တွေအများကြီးပါဝင်နေပါတယ်။ အဲ့ဒီအပြင် ညဘက်အိပ်မပျော်ရင်လည်း ကြက်သွန်ဖြူကို စားသုံးပေးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

နွားနို့တစ်ခွက်

ကြက်သွန်ဖြူ ၁ မွှာ

ရေ ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံ

ပြုလုပ်နည်း

ကြက်သွန်ဖြူကို တောက်တောက်စဉ်းပြီး နွားနို့ထဲထည့်ပါ။

ပြီးရင် ရေထည့်ပြီး မီးဖိုပေါ်တင်ကာ ကြက်သွန်ဖြူနဲ့ နွားနို့ရောသွားအောင် ကျိုပါ။ ၁ ခွက်တင်လောက်ကျိုပါ။

ဒီနွားနို့ ကြက်သွန်ဖြူ နွေးနွေးလေးကို ညမအိပ်ခင် မိနစ်အနည်းငယ်အလိုလောက်မှာသောက်သုံးပါ။

ညတိုင်းလိုလို သောက်ပေးပါ။

ကြက်သွန်ဖြူမှာပါဝင်တဲ့ဓာတ်တွေက ဦးနှောက်နဲ့ နှလုံးရဲ့လုပ်ဆောင်ချက်တွေကို ကူညီပေးနိုင်ပြီး အိပ်ရေးဝဝအိပ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။