ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အပြင် ဟင်းချက်တဲ့နေရာမှာ မပါမဖြစ်အရေးကြီးတဲ့ ဟင်းချက်စရာတစ်မျိုးလည်းဖြစ်ပါတယ်။

အဲ့ဒီအပြင် ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပြီး ရောင်ရမ်းတာတွေကို လျော့ပါးစေတဲ့အပြင် တခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိနေပါတယ်။

အသားအရေကျန်းမာရေးအတွက် ကြက်သွန်ဖြူ ကို အသုံးပြုနိုင်တဲ့နည်းလမ်းကို ဝေမျှချင်ပါတယ်။

လိုအပ်သည့် ပစ္စည်းများ

တောက်တောက်စဉ်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

လတ်လတ်ဆတ်ဆတ် တောက်တောက်စဉ်းထားတဲ့ ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်းကို ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောပြီး အနှစ်ပျစ်ပျစ်လေးဖြစ်အောင် ဖျော်လိုက်ပါ။

အဲ့ဒီ အနှစ်ပျစ်ပျစ်လေးထဲက လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို စားပေးပါ။

အဲ့ဒီ အနှစ်တွေကို မြိုမချပေးပဲ ခံနိုင်ရည်ရှိသလောက် ပါးစပ်ထဲမှာ ငုံ့ထားပါ။ ပြီးမှ ဖြည်းဖြည်း မြိုချပါ။

ဒါဆိုရင် အသားအရေနဲ့ ဆံသားကျန်းမာရေးအတွက် ကောင်းပါတယ်။