ကြက်သွန်ဖြူကို ပျားရည်နဲ့ စိမ်ပြီး စားတဲ့အခါ ကင်ဆာကိုပါ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အစွမ်းကို သိကြမှာပါ။ ကြက်သွန်ဖြူရော ပျားရည်ပါ သဘာဝအရ စွမ်းအင်တွေ ရှိနေပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့ အစားအစာတွေပါ။ ဒီအတွဲအစပ်ကို ပိုကောင်းသွားအောင် ထပ်အားဖြည့်ပေးမယ့် အရာကတော့ ပန်းသီးရှာလကာပါ။

ဒီအတွဲအစပ်လေးဟာ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ အအေးမိခြင်း၊ ချောင်းဆိုးခြင်းစတဲ့ရောဂါတွေကို သက်သာစေပြီး သွေးဖိအားမြင့်မားခြင်း၊ ရင်ကြပ်ခြင်း တို့ အပြင် ကင်ဆာရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။ သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ကျစေနိုင်ပါတယ်။ အဆီချနေသူတွေအတွက်လည်း အထောက်အကူ ဖြစ်စေပြီး ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူ၊ ပျားရည်နဲ့ ပန်းသီးရှာလကာကို မနက် အိပ်ယာထချိန်မှာ စားပေးသင့်ပါတယ်။ မနက်စောစော ရေနဲ့ အစားအစာတွေ အစာအိမ်ထဲ မရောက်ခင် ဒီဓာတ်စာလေးကို စားပေးပါ။ ၂ပတ်ကြာတဲ့ အခါ ပေါ့ပါးလန်းဆန်းပြီး သွေးလည်ပတ်ကောင်းမွန်လာစေပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

  • ကြက်သွန်ဖြူ ဥအကြီး ၁၀လုံး
  • ပျားရည် လက်ဖက်ရည်ခက် တစ်ခွက်
  • ပန်းသီးရှာလကာရည် လက်ဖက်ရည်ခွက် တစ်ခွက်

ပျားရည်နဲ့ ပန်းသီးရှာလကာရည်ကို ကြက်သွန်ဖြူတွေ မြုပ်အောင် ချိန်ပြီး ထည့်ရင်လည်း ရပါတယ်။ပြုလုပ်ပုံကတော့ ၂မျိုး ရှိပါတယ်။ ပထမနည်းကတော့ ၃မျိုးစလုံးကို ရောကြိတ်ပြီး ရေခဲသေတ္တာထဲ ထည့်စားတာပါ။

ဒုတိယနည်းကတော့ ကြက်သွန်ဖြူတွေအပေါ်ကို ပျားရည်နဲ့ ပန်းသီးရှာလကာရည်တို့ကို လောင်းပြီးစိမ်ထားတဲ့ နည်းပါ။ ၂ပတ်လောက် စိမ်ထားပြီး စ စားလို့ ရပါပြီ။ သတိထားရမှာကတော့ ဘာအစာမှ မစားခင် စားပေးရမှာပါ။

Source: healthyfoodteam