ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာတစ်ခုဖြစ်ပြီး ကင်ဆာအတွက် အကောင်းဆုံး ဟင်းခတ်တစ်မျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူကို နှလုံးနဲ့ သွေးဖိအားတွေ ကောင်းမွန်ဖို့ အတွက် အကောင်းဆုံး အစားအစာလို့တောင် ပြောကြပါတယ်။ သွေးပေါင်တက်တာ၊ ကိုလက်စထရောမြင့်တာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးဖောက်တာတွေကို သက်သာစေနိုင်ပါတယ်။
ကြက်သွန်ဖြူဟာ သွေးဖိအားကို ကျစေနိုင်တဲ့ အပြင် ကင်ဆာ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အချို့လူတွေဟာ ကြက်သွန်ဖြူကို အစိမ်းတိုင်း စားကြပါတယ်။ အစိမ်းအတိုင်း စားခြင်းဟာ ပိုပြီး ထိရောက်ကြောင်းလည်း ယူဆထားကြပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူကို ချိုချဉ်လိုမျိုး စားတာတော့ မြင်ဖူးကြမှာ မဟုတ်ပါဘူး။ တရုတ်လူမျိုး အများစုဟာ သူတို့ရဲ့ ပါးစပ်မှာ ကြက်သွန်ဖြူကို ကိုက်ထားပြီး မိနစ်၃၀လောက် ထားကြပါတယ်။
ဒါဟာ ရှေးရိုးစွဲ အလေ့အထ တစ်ခု အဖြစ် လူသိများပါတယ်။
ဘယ်လို အကျိုးကျေးဇူးတွေ ရှိလဲဆိုတာကတော့ မယုံနိုင်စရာပါပဲ။ မနက်တိုင်း ကြက်သွန်ဖြူ ကိုက်ထားခြင်းဟာ တံတွေးကနေတဆင့် သွေးကြောတွေထဲထိ ရောက်သွားပြီ သွေးကြောတွေကို သန့်စင်စေနိုင်ပါတယ်။ မိနစ် ၃၀ ကြာပြီတဲ့ အချိန်မှာ ကြက်သွန်ဖြူကို ထွေးထုတ်လိုက်ပါ။
သွားတိုက်ပြီးတဲ့ အထိ ကြက်သွန်ဖြူနံ့ နံနေသေးတယ်ဆိုရင်တော့ ကော်ဖီစေ့ကို ဝါးပေးတာဖြစ်ဖြစ် ပင်စိမ်းရွက်ကို စားပေးတာဖြစ်ဖြစ်လုပ်လိုက်ပါ။
မြန်မာနည်းတစ်ခုကတော့ ဆန်ကို ဝါးပြီး ပလုတ်ကျင်းပစ်ရင်လည်း အနံ့ဆိုး ပျောက်ပါတယ်။