ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီးက ကျန်းမာရေးအတွက်သာမက အသားအရေအလှအပကိုလည်း ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေသည်သာမကဘဲ အူလမ်းကြောင်းကို သန့်စင်ပေးတဲ့အပြင် ကိုယ်လက်စတောနဲ့ အဆီဓာတ်များကိုလည်း ဖယ်ရှားပေးပါတယ်။

ငှက်ပျောသီးက ကျန်းမာရေးအတွက် အဘက်ဘက်က အသုံးတည့်ရုံသာမကဘဲ သူ့ရဲ့အခွံကလည်း ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝအတွက် အင်မတန်အသုံးတည့်ပါတယ်။ ငှက်ပျောသီးအခွံက မိမိပတ်ဝန်းကျင်အတွက် ဘယ်လိုအသုံးတည့်သလဲ။ အကျိုးရှိအောင် ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ထိခိုက်ဒဏ်ရာများကို သက်သာစေခြင်း

ညိုမဲစွဲနေတဲ့ ဒဏ်ရာကို ငှက်ပျောခွံနဲ့ ပွတ်တိုက်ပေးခြင်းအားဖြင့် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ငှက်ပျောခွံကို အနာပေါ်မှာ တစ်ညခန့် အုပ်ထားပေးပါကလည်း အနာကျက်မြန်စေပါတယ်။

သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း

Source: Theweekendagriculturist.com

စာဖတ်သူတို့ရဲ့ဥယျာဉ်ခြံအတွင်းရှိ သစ်ပင်ပန်းမာန်နဲ့ စားပင်သီးပင်တွေအတွက် ငှက်ပျောခွံကို မြေသြဇာအဖြစ် အလွယ်တကူအသုံးပြုနိုင်ပါတယ်။

ကြွက်နို့နှင့် အသားမာတို့ကို ဖယ်ရှားနိုင်ခြင်း

Source: Fabhow.com

ငှက်ပျောခွံကို အရွယ်အစား ခပ်သေးသေးခန့် လှီးဖြတ်ပြီးနောက် ကြွက်နို့ (သို့) အသားမာပေါ် တင်ထားလိုက်ပါ။ ထို့နောက် စက္ကူတိပ်ဖြင့် ကပ်ထားပေးလိုက်ပါ။ တစ်ရက်တစ်ကြိမ်ခန့် ပြုလုပ်ပေးရုံမျှဖြင့် သိသာထင်ရှားတဲ့ ရလာဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

ငွေထည်ပစ္စည်းများကို သန့်ရှင်းတောက်ပြောင်စေခြင်း

Source: Huffpost.com

အိမ်တွင်းအသုံးအဆောင် ငွေထည်ပစ္စည်းများကို ငှက်ပျောခွံဖြင့် ပွတ်တိုက်ပေးပြီးနောက်မှာတော့ သန့်ရှင်းစင်ကြယ်သွားအောင် ရေဆေးချလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ငွေထည်ပစ္စည်းများက ဝယ်ခါစအတိုင်း သစ်လွင်တောက်ပနေတာကို မြင်တွေ့ရပါလိမ့်မယ်။

အရေးအကြောင်းများကို ဖယ်ရှားပေးခြင်း

Source: Brightside.me

ဗီတာမင်စီနဲ့ Antioxidants တို့က အရေးအကြောင်းများကို ဖယ်ရှားရာမှာ ကူညီပေးပါတယ်။ ငှက်ပျောခွံကို သင့်ရဲ့မျက်နှာပြင်တစ်ဝိုက်နဲ့ လည်ပင်းတစ်ဝိုက်မှာ ပွတ်တိုက်ပေးလိုက်ပါ။ ထိုကဲ့သို့ ပွတ်တိုက်ပေးခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ကောလဂျင် ထုတ်လုပ်မှုကိုလည်း မြှင့်တင်ပေးပါတယ်။

အသားများကို နူးအိစေခြင်း

Source: Mamabee.com

ဟင်းချက်ရာတွင် အသားများကို နူးနူးအိအိနဲ့ အရသာရှိရှိ စားသုံးချင်တယ်ဆိုရင်တော့ ငှက်ပျောခွံတစ်ခု (သို့) နှစ်ခုခန့် ထည့်ပေးလိုက်ရုံပါပဲ။ ထိုကဲ့သို့ ထည့်ချက်ပေးခြင်းအားဖြင့် ဟင်းလျာ မတူးသွားအောင်လည်း ကူညီပေးပါသေးတယ်။

သွားများကို ဖြူဝင်းစေခြင်း

ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က သွားဝါခြင်းမှ ကာကွယ်ပေးပြီး သွားများကို ဖြူဖွေးဝင်းပစေပါတယ်။ ငှက်ပျောခွံကို သွားများပေါ်တွင် ၂ မိနစ်ခန့် ပွတ်တိုက်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ခန့် ခဏထားထားပြီးမှ ရေဆေး ပလုတ်ကျင်းပေးလိုက်ရုံပါပဲ။

ဖိနပ် တိုက်ရာတွင် အသုံးပြုနိုင်ခြင်း

သင့်ရဲ့သားရေဖိနပ်ကို ဝယ်ခါစအချိန်လိုမျိုး အသစ်အတိုင်း သစ်လွင်တောက်ပချင်တယ်ဆိုရင်တော့ ဖိနပ်ရဲ့အပြင်မျက်နှာပြင်ကို ငှက်ပျောခွံဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ထိုနည်းကတော့ ပိုက်ဆံမကုန်ဘဲ အလွယ်တကူ ကြေးချွတ်ပေးတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။

Source: Naturallivingideas.com