ရေခဲတုံးပုံစံခွက်လေးကို ရေခဲတုံး ပြုလုပ်ဖို့ရန်အတွက်သာမက အချိုပွဲများ တည်ခင်းပြုလုပ်နိုင်ရန်အပြင် အစားအစာများ ကြာရှည်ခံအောင်လည်း ပြုလုပ်နိုင်တယ်ဆိုတာကို စာဖတ်သူတို့ သိပြီးကြပါပြီလား။

မသိသေးသူများလည်း ဗဟုသုတရအောင် သိပြီးသားသူတွေလည်း ပြန်မှတ်မိလာအောင် အတူတူလေ့လာကြည့်ရအောင်။

ကော်ဖီရေခဲတုံးများ ပြုလုပ်နိုင်ခြင်း

ချောကလက် စတော်ဘယ်ရီရေခဲတုံး

အရင်ဦးဆုံး ချောကလက်များကို အရည်ဖျော်ရပါမယ်။ ထို့နောက် ရေခဲတုံးပုံစံခွက်ထဲ လောင်းထည့်ပါ။ ရေဆေးသန့်စင်ထားသော စတော်ဘယ်ရီသီးများကို အပေါ်က နှစ်ထည့်လိုက်ပါ။

အိမ်လုပ်ခရမ်းချဉ်သီးဆော့စ်

ပိုလျှံနေတဲ့ ခရမ်းချဉ်သီးဆော့စ်များကို ပုံစံခွက်ထဲ ထည့်ကာ ကြာရှည်ခံအောင် ထိန်းသိမ်းနိုင်ပါတယ်။ စားသုံးခါနီးကျမှ မိုက်ခရိုဝေ့ဖ်ထဲ ထည့်ပြီး အပူပေးမယ်ဆိုရင် အချိန်ဘယ်လောက်မှ ကြာမှာမဟုတ်ပါဘူး။

သစ်သီး Smoothie ရေခဲတုံး

ပိုလျှံနေတဲ့ ဖျော်ရည်များ အသုံးပြုပြီးလည်း သီးစုံရေခဲတုံး ပြုလုပ်နိုင်ပါတယ်။

မီနီရေခဲချောင်း ပြုလုပ်နိုင်ခြင်း

စောစောကသီးစုံရေခဲတုံးပြုလုပ်နည်းကိုပဲ နောက်တစ်ဆင့်ထပ်တိုးကာ တုတ်ချောင်းလေးများ ထိုးစိုက်ပေးလိုက်ရုံပါပဲ။

နို့ချောကလက် ပြုလုပ်နည်း

အေးခဲပြီးသားချောကလက်ရေခဲတုံးကို နွားနို့ထဲ ထည့်ဖျော်သောက်လိုက်မယ်ဆိုရင် အရသာရှိတဲ့ နို့ချောကလက်လေး ရရှိသွားပါပြီ။

ဝိုင်အကပ်အသတ်များဖြင့် ဝိုင်ရေခဲတုံး ပြုလုပ်မယ်

ဒါဆိုရင်တော့ ဟင်းချက်တဲ့အခါ အဆင်သင့်ထည့်သုံးလိုက်ရုံပါပဲ။

ကော့တေးလုပ်သောက်နိုင်ခြင်း

Source: 2cookinmamas.com

ကော့တေးကို အေးအေးစိမ့်စိမ့်လေးနဲ့ အရသာပိုရှိအောင် သောက်ချင်တယ်ဆိုရင် ရေခဲတုံးအစား သီးစုံရေခဲတုံးလေး ထည့်သောက်လိုက်ပါ။

ဟင်းရွက်ပြုတ်ရည်နှင့် အသားပြုတ်ရည်တို့ကို အချိန်ကြာကြာသိုလှောင်ထားနိုင်ခြင်း

ထိုကဲ့သို့ အအေးခံထားခြင်းအားဖြင့် အသားပြုတ်ရည်၊ ဟင်းရွက်ပြုတ်ရည်တို့ကို ၂ လကြာသည်အထိ အသုံးပြုနိုင်ပါတယ်။

စာဖတ်သူတို့ရော ဘယ်လိုနည်းလမ်းကောင်းတွေ သိထားလဲဆိုတာကို ဝေမျှပေးခဲ့ဦးနော်။

Source: Buzzfeed.com