နွေရာသီမှာ ပူပြင်းလှတဲ့ နေပူဒဏ်ကြောင့် ဘယ်သူမှ နေပူထဲ မနေချင်ကြပါဘူး။ ဒါပေမယ့် နေရောင်ရှောင်ရင် ဗီတာမင် D ချို့တဲ့ရင် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ နေရောင်ကနေ့ရမယ့် ဗီတာမင် D ကို အစားအစာတွေကလည်း ရနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် D မှုကို သေချာစွာ ထိန်းသိမ်းထားချင်ပေမယ့် နွေရာသီမှာ နေရောင်ထိတွေ့မှုကို ရှောင်ရှားလိုတဲ့လူတွေအတွက် စားသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ငါး

ဗီတာမင် D ရဲ့ အဓိက  အစားအစာတွေဖြစ်တဲ့ ဆော်လမွန်၊ ဆာဒင်း၊ ကမာ၊ ပုဇွန်၊ မက်ကရယ် အစရှိတဲ့ အဆီများတဲ့ ငါးတွေက အရသာရှိရုံသာမက ဗီတာမင် D ရဲ့ အစွမ်းထက်တဲ့ သဘာဝရင်းမြစ်တွေပါ။ ဒါကြောင့်  ဗီတာမင် D ကို လိုချင်တယ်ဆိုရင် ဒီငါးတွေကို မဖြစ်မနေစားပေးသင့်ပါတယ်။

ကြက်ဥအနှစ်

ကြက်ဥဟာ ဗီတာမင် D မြင့်မားပြီး ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့် ငါးကို မနှစ်သက်တဲ့သူတွေကတော့  ကြက်ဥတစ်လုံးလုံးကို စားလို့ရပါတယ်။

မှို

နွေရာသီမှာ ဗီတာမင် D လုံလုံလောက်လောက်ရဖို့အတွက်ဆို မှိုကိုလည်း စားသုံးလို့ရပါတယ်။ မှိုက  သက်သတ်လွတ်စားတဲ့လူတွေအတွက် မရှိမဖြစ် ဗီတာမင် D အရင်းအမြစ် တစ်ခုပါ။ သဘာဝနေရောင်ခြည်အောက်မှာ  ပေါက်တဲ့ တောရိုင်းမှိုတွေက ခန္ဓာကိုယ်တွေလို  ဗီတာမင် D ကို ပေါင်းစပ်ထုတ်လုပ်ထားသောကြောင့် ဗီတာမင် D ပမာဏ ပိုများပါတယ်။

Cheese

Cheese မှာ ဗီတာမင် D၊ ဖော့စဖရပ်၊ အဆီ၊ ပရိုတင်းနှင့် ကယ်လ်စီယမ်တို့ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရေးကြီးတဲ့ အာဟာရအရင်းအမြစ်တွေ အများကြီး ပါဝင်ပါတယ်။ သူ့မှာ သဘာဝအတိုင်း ဗီတာမင် D ပမာဏ မြင့်မားစွာ ပါဝင်တာကြောင့် နေ့စဉ် လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ အမှန်တကယ် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ငါးကြီးဆီ

ငါးကြီးဆီမှာ လူတစ်ယောက်နေ့စဥ်လိုအပ်တဲ့ ဗီတာမင် D ၇၅ ရာခိုင်နှုန်း ပါဝင်တာကြောင့်  ငါးနဲ့ ဥမကြိုက်သူတွေအတွက် ရေပန်းစားတဲ့ ဗီတာမင် D ဖြည့်စွက်စာ တစ်ခုပါ။ သူ့မှာပါတဲ့ Omega-3 Fatty Acids တို့က အရိုးကို ကျန်းမာသန်စွမ်းစေပြီး အဆစ်အမြစ်ကိုက်ခဲခြင်းကို သက်သာစေကာ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ငါးကြီးဆီဟာ ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့် အလွန်အကျွံသောက်ရင် အဆိပ်သင့်နိုင်ပါတယ်။ ဒါကြောင့် လိုအပ်သလောက်သာ စားပေးသင့်ပါတယ်။