ဂျင်းနဲ့သံပုရာသီးတို့မှာ အဆီတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။

ပြုလုပ်နည်း

ရေ တစ်ခွက်ကို ရေဆူအောင် တည်ထားပါ။ ဆူသွားပြီးရင် မီးဖိုပေါ်ကနေ ဖယ်လိုက်ပါ။ ပါးပါးလှီးထားတဲ့ ဂျင်းတစ်ခုကို အဲ့ဒီခွက်ထဲထည့်ပြီး ၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင် သံပုရာသီးတစ်လုံး ညှစ်ထည့်ပြီး မနက်စာမစားခင်မှာ သောက်ပါ။

ဂျင်းနဲ့ သံပုရာသီးတို့ရဲ့ အကျိုးကျေးဇူး

သွေးကို သန့်စင်ပေး

သွေးထဲမှာရှိတဲ့ အဆိပ်အေတာက်တွေကိုဖယ်ရှားပေးပြီး မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးပါတယ်။

ကိုယ်ခံအားစနစ်ကို အားကောင်းစေ

သံပုရာသီးရော၊ ဂျင်းတွေမှာ ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့ ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီအပြင် အသက်ရှူလမ်းကြောင်းရောဂါ၊ အသံဝင်တာ၊ ရောဂါပိုးမွှားဝင်တာ၊ အအေးမိတာတို့ကို သက်သာစေပါတယ်။

အသားအရေ ကျန်းမာရေးအတွက် ကောင်းမွန်

ဂျင်းနဲ့ သံပုရာသီးတို့က ဗီတာမင် C နဲ့ Antioxidants တွေ ကြွယ်ဝစွာပါဝင်ပါတယ် ဒါ့ကြောင့် အသားအရေကို နုပျို လှပစေပါတယ်။

အစာခြေစနစ် ကောင်းမွန်

အစာမကြေတာ၊ အူလမ်းကြောင်း လှုပ်ရှားမှုနှေးတာ၊ ဝမ်းချုပ်တာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။