ဂျင်းက လည်ပင်းနာတာ၊ အာသီးရောင်တာတွေကို သက်သာ ပျောက်ကင်းနိုင်တဲ့ သဘာဝ နည်းလမ်းပါ။

ဂျင်းကို၊ ပျားရည်၊ သံပုရာသီးလေးနဲ့ရောပြီး သောက်မယ်ဆိုရင် ရောင်ရမ်းတာတွေ၊ ဘက်တီးရီးယားဝင်ရောက်တာတွေပါ သက်သာသွားစေပါတယ်။

ပါဝင်ပစ္စည်းများ

ဂျင်း ၁ လက်မကနေ ၂ လက်မ

နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ ခွက်တစ်ခွက်ရဲ့ တစ်ဝက်စာ

အဆင့် (၁)

ဂျင်းတွေကို ပါးပါးလှီးလိုက်ပါ။ ရေကို အိုးထဲထည့်ပြီး အပူပေးလိုက်ပါ။

ပြီးရင် ဂျင်းကို အိုးထဲထည့်လိုက်ပါ။

နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်ကို ထည့်ပြီး သေချာမွှေပါ။

မီးကို အလယ်အလတ်ဘဲ ထားပြီး မွှေပါ။

အဆင့် (၂)

အိုးကို အဖုံးပိတ်ပြီး ၅ မိနစ်ကနေ ၈ မိနစ်လောက် ဆူအောင် ထားပါ။ ပြီးရင် မီးပိတ်လိုက်ပြီး အအေးခံလိုက်ပါ။

အဲ့ဒီနောက် ဂျင်း အရည်ကိုဘဲ ခွက်ထဲကို စစ်ယူပြီးထည့်လိုက်ပါ။

အဆင့် (၃)

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်လိုက်ပါ။ ပြီးရင် သံပုရာသီးကိုညှစ်ထည့်ပြီး မွှေလိုက်ပါ။ ဖြည်းဖြည်းချင်းသောက်ပါ။ ဒီဖျော်ရည်ကို အနည်းဆုံး တစ်နေ့ကို တစ်ကြိမ် သို့ ၂ ကြိမ်လောက် ၂ ရက်ကနေ ၃ ရက်ကြားလောက်သောက်ပေးရင် လည်ချောင်းနာတာ၊ အာသီးရောင်တာ သက်သာသွားပါလိမ့်မယ်။