ဆံပင်တွေ ရှည်တာ နှေးနေလို့ စိတ်ညစ်နေသူတွေ အတွက် လွယ်ကူစေမယ့် နည်းလမ်းလေး တစ်ခု မျှဝေပါရစေ။ အဓိကပါဝင်တဲ့ အရာကတော့ ဂျင်းပါ။

ဂျင်းကတော့ အိမ်တိုင်းလိုလိုမှာ ရှိကြတဲ့ အတွက် ခက်ခဲမယ့် အရာတော့ မဟုတ်ပါဘူး။ ဂျင်းဟာ အပူလို့ သိထားတဲ့ အတွက် ဟုတ်ပါ့မလားလို့ သံသယစိတ်တော့ ရှိမှာပါ။ ဂျင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်ကျွတ် သက်သာစေဖို့ အတွက် အခုဆိုရင် ဂျင်းနဲ့ အထူးပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်အချို့တောင် ရှိပါတယ်။

အခု ပြုလုပ်မယ့် နည်းလေးကတော့ အခြား ပါဝင်ပစ္စည်းတွေပါ ထည့်ပြီး Hair Mask လေး လုပ်ပါမယ်။

ပါဝင်ပစ္စည်းတွေကတော့
– ဂျင်း
– ထောပတ်သီးအဆီ(ထောပတ်သီးအနှစ်လည်းရပါတယ်)
– သံပုရာရည်
– အုန်းဆီ

gigner for hair mask

အဆင့် ၁

ဆောင်းရာသီမှာ လက်ချောင်းခြေချောင်းလေးတွေ လှနေစေဖို့ ဂျင်းတစ်တက်ကို အခွံနွှာပြီး သေးသေးလေးတွေ လုပ်ပါ။ ဂျင်းအမှုန့်ဆိုရင်လည်း ရပါတယ်။ ဂျင်းအစိုဆိုရင်တော့ ထောင်းပြီး အရည်ညှစ်ယူပါ။

avocado

အဆင့် ၂

ဂျင်းရည်ထဲကို ထောပတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ရောပါ။ ထောပတ်သီးဟာ ဗီတာမင်ဘီ၊ အမိုင်နိုအက်ဆစ်နဲ့ အခြား ဓာတ်တွေပါဝင်တာကြောင့်
ဆံသားကို နူးညံ့စေနိုင်ပါတယ်။

coconut-oil

အဆင့် ၃

အုန်းဆီ လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်လောက် ထည့်ပါ။ ဆံသားပျက်ဆီးမှုကို ပြန်လည် ပြုပြင်ပေးနိုင်တဲ့ အစွမ်း အုန်းဆီမှာ ရှိပါတယ်။

lemon

အဆင့် ၄

သံပုရာရည် အစက် ၁၀ စက်ခန့် ထပ်ရောပါ။ ဗီတာမင် စီဟာ ဆံသားကို သန့်စင်စေပြီး ဗောက်ကိုလည်း သေစေနိုင်ပါတယ်။ မလိုလားအပ်တဲ့ ပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်။

comb-ur-hair

အဆင့် ၅

ဆံပင်ကို ဖြီးပြီး ရှင်းထားပါ။ ဆံသားအဖုအထုံးလေးတွေ မဖြစ်စေဖို့ အတွက်ပါ။

apply-the-mask
အဆင့် ၆

ပြုလုပ်ထားတဲ့ Hair Mask အရောလေးကို ဦးရေပြား အနှံ့ လိမ်းပေးပါ။ ၁၀မိနစ်လောက် နှိပ်နယ်ပြီး လိမ်းပေးပါ။

rise-the-water
အဆင့် ၇

၄၅ မိနစ်လောက် ထားပြီး ရေနဲ့ ဖြည်းညှင်းစွာ ဆေးပါ။ ပြီးရင်တော့ ဓာတုပစ္စည်းနည်းတဲ့ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပါ။ ကျွန်ကတော့ Babilmild ကနေ ထုတ်တဲ့ ကလေးခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါတယ်။

dry-ur-hair
အဆင့်၈

ခေါင်းကို ခြောက်အောင် တဘက်နဲ့ ရေသုတ်ပါ။ ဆံပင်ခြောက်ခံစက်တွေ မသုံးပါနဲ့။ သဘာဝအတိုင်း ခြောက်သွေ့အောင် သုတ်ပေးပါ။

Ref: boldsky