မူးဝေ အော့အန်တာက နေရခက်တဲ့ရောဂါမျိုးပါ။ အထူးသဖြင့် အရေးကြီးတဲ့ပွဲတက်ရောက်စဉ်၊ အရေးကြီးတဲ့အလုပ်တွေ လုပ်နေချိန်မှာဆိုရင် အရမ်းကို အနှောင့်အယှက်ဖြစ်ပါတယ်။
ဂျင်းဟာ မူးေ၀ အော့အန်တာတွေအတွက် အချိန်တိုအတွင်းမှာ ပျောက်ကင်းနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
အဲ့ဒီအပြင် အစာအိမ် ပြဿနာ၊ အော့အန်တာတွေနဲ့ ဝမ်းလျှောတာတွေအတွက်လည်း ကောင်းပါတယ်။
လိုအပ်သည့်ပစ္စည်းများ
ရေ
ဂျင်း လက်တဆစ်
ပြုလုပ်နည်း
ရေကို ပွက်ပွက်ဆူအောင် တည်ပါ။ ဂျင်းကို ပါးပါးလှီးပါ။ ပြီးရင် ပွက်ပွက်ဆူတဲ့ ရေထဲထည့်လိုက်ပါ။ ၂ မိနစ်လောက်ကြာရင် ဂျင်းကိုဖယ်လိုက်ပါ။ ဂျင်းအရသာ ပိုပျင်းချင်ရင် ရေနွေးထဲမှာ ၅ မိနစ်လောက်ထည့်ထားပါ။ ဂျင်း ရေနွေးကြမ်းကို သောက်လို့ရပါပြီ။ သံပုရာ အနံ့လေးကြိုက်ရင် သံပုရာသီးကို ညှစ်ထည့်ပါ။