ဂျင်း ပြုတ်ရည်က ခန္ဓာကိုယ်ထဲရှိ သကြားဓာတ်ပမာဏကို လျော့ကျပေးပြီးတာကြောင့် ကိုယ်အလေးချိန် လျော့နိုင်ပါတယ်။

မဟုတ်ရင် ပိုလျှံနေတဲ့ ခန္ဓာကိုယ်ထဲရှိသကြားဓာတ်တွေ တချို့က အဆီအဖြစ်ပြောင်းလဲသွားတတ်ပြီး ကိုယ်အလေးချိန်တက်စေပါတယ်။ ဒါ့ကြောင့် ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အစာခြေစနစ်ကို တိုးမြှင့်ပေး

ဂျင်းက အစာခြေနိုင်တဲ့ Gastric အက်ဆစ်တွေကို ပိုထုတ်လုပ်ပေးနိုင်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အဲ့ဒီအပြင် အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေရတာ ပိုလွယ်ပါတယ်။

ဂျင်းဖျော်ရည် အတွက် လိုအပ်တဲ့ ပစ္စည်းများ

ရေ ၁.၅ လီတာ

ဂျင်း စားပွဲတင်ဇွန်း ၅ ဇွန်း

သံပုရာသီး ၂ လုံး

ပြုလုပ်နည်း

ရေကို အပူပေးပါ။ ရေဆူလာရင် ဂျင်းကိုထည့်ပါ။ ၂ မိနစ်လောက်ဆူအောင်ထားပြီး မီးဖိုပေါ်ကနေ ဖယ်လိုက်ပါ။

၁၀ မိနစ်လောက်ဂျင်းပြုတ်ရည်ကို အအေးခံပါ။ ဂျင်းတွေကိုဖယ်လိုက်ပြီး သံပုရာသီးညှစ်ကာ သောက်လို့ရပါပြီ။

ဂျင်းပြုတ်ရည်ကို မနက်ခင်းမှာသောက်ရင် အာနိသင်ပိုရှိပါတယ်။ ဒါပေမယ့် တခြား အချိန်တွေမှာလည်း သောက်လို့ရပါတယ်။

ဂျင်းပြုတ်ရည်ကို တစ်နေ့ ဘယ်နှစ်ခွက်သောက်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ ကိုယ့်ခန္ဓာကိုယ်နဲ့ အဆင်ပြေသလောက် ညှိပြီးသောက်ပါ။ ဂျင်းပြုတ်ရည်က ဘေးထွက်ဆေးကျိုးမရှိတဲ့အပြင် ကိုယ်အလေးချိန်ကျစေပါတယ်။

အဲ့ဒီအပြင် ကိုယ်ခံအားလည်းမြင့်စေပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

Featured Image Source: cungcau.vn