အိမ်ရှင်မတွေတိုင်းမှာ အလျင်စလို ချက်ပြုတ်ရတဲ့ နေ့တွေ ရှိကြပါတယ်။ ကလေးက ဗိုက်ဆာနေလို့ ကြက်ဥကို အလွယ်တကူ ကြော်တာဖြစ်ဖြစ်၊ မနက် ထမင်းချိုင့်သမားတွေအတွက် အချိန်မှီအောင် ချက်ပြုတ်ရင်း ကြက်ဥကြော်ဖို့ လုပ်တာတွေ ဖြစ်ဖြစ် အမြဲတမ်း မဟုတ်ပေမယ့် တစ်ချို့နေရက်တွေမှာတော့ မြန်မြန် ချက်ဖို့ လိုတဲ့ နေ့တွေ ရှိကြစမြဲပါ။

အဲ့လို အချိန်တွေမှာ ကြော်ဖို့ ဖောက်ထည့်လိုက်တဲ့ ကြက်ဥဟာ ဖောက်လိုက်ကာမှ ပုပ်နေတာမျိုးကိုလည်း အနည်းအများတော့ ကြုံဖူးကြမှာပါ။ အဲ့ဒီအချိန်မှာ ခံစားရတဲ့ ခံစားချက်ကတော့ ပြောမပြတတ်အောင်ပါပဲ။ ဒေါသထွက်တဲ့စိတ်၊ ဆီတွေကိုပါ ပစ်လိုက်ရလို့ နှမြောတဲ့စိတ်၊ အလျင်လိုကာမှ ပိုကြာသွားတယ်လို့ ခံစားရတဲ့ စိတ်တွေဟာ မီးဖိုချောင်ထဲက လူတိုင်းအတွက်တော့ ဆိုးဝါးတဲ့ ခံစားချက်ပါ။ ဒီလို မဖြစ်ဖို့ အတွက် ကြက်ဥကို ခဏလေး အတွင်းမှာ ကောင်းမကောင်း အရင်ဆုံး ကြည့်ပြီးမှ ချက်ပြုတ်ကြရပါမယ်။ အထဲမှာ ပုပ်နေတာမို့ ဘယ်လို ကြည့်မလဲဆိုတဲ့ မေးခွန်းရှိပါတယ်။

Good-ok-Bad-Egg

သိအောင် လုပ်ရမယ့် နည်းလမ်းကတော့ လွယ်ကူပါတယ်။ ပထမဆုံး ခွက်တစ်ခွက်ထဲကို ရေအေးထည့်ပါ။ ပြီးရင် ကြက်ဥကို ရေအေးဖြည့်ထားတဲ့ ခွက်ထဲ ထည့်ပါ။ ကြက်ဥဟာ အောက်ခြေမှာ ထိပြီးမြုပ်နေရင် အဲ့ဒီ ကြက်ဥဟာ အကောင်းပါ။ ကြက်ဥဟာ မြုပ်တယ် ဒါပေမယ့် အောက်ခြေကို သိပ်မထိဘူး ဖြစ်နေရင် ကောင်းနေပါသေးတယ် မြန်မြန်တော့ ကြော်ပစ်ရတော့မယ့် သဘောပါ။ သိပ်အကြာကြီး မခံတော့ပါဘူး။

ရေပေါ်မှာ ပေါ်နေမယ် ဆိုရင်တော့ ဆယ်ပြီး လွှင့်ပစ်လိုက်ပါတော့။ အထဲမှာ ပုပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ဘာကြောင့် မကောင်းတဲ့ ကြက်ဥတွေဟာ ရေပေါ် ပေါ်လာလဲဆိုရင် ကြက်ဥဟာ အချိန်ကြာလာတာနဲ့ အမျှ သူရဲ့ အရည်တွေ ခန်းခြောက်သွားလို့ပါ။ ဒါကြောင့် မြုပ်ရမယ့်အစား ရေပေါ် ပေါ်လာတာပါ။ သိပ်မကြာတဲ့ စမ်းသပ်ချက်မို့ မချက်ပြုတ်ခင် အရင်ဆုံး စစ်ဆေးကြည့်ပါလို့ အကြံပေးပါရစေ။

fridge-of-food-715x400Eggs-In-Fridgehisense-fridge-freezer-food-fresh

ကြက်ဥတွေဟာ ကြာကြာ အထားမခံဘူးလို့ စိတ်ထဲမှာ ထင်နေရင် သူတို့ကို နည်းမှန်လမ်းမှန် ထားရဲ့လားလို့ အရင်ဆုံး စစ်ကြည့်ပါ။ ရေခဲသေတ္တာ အများစုမှာတော့ ကြက်ဥ ထည့်ဖို့ ခွက်လေးတွေ တံခါးမှာ ပါတတ်ပါတယ်။ အလွယ်တကူ တံခါးနေရာမှာပဲ ကြက်ဥ ဘဲဥတွေကို ထားလိုက်ကြပါတယ်။ တကယ်တော့ ဒါက ထားသိုနည်း အမှန် မဟုတ်ပါဘူး။ ကြက်ဥတွေကို အအေးဓာတ်ပိုရတဲ့ Main Body လို့ ခေါ်တဲ့ ကိုယ်ထဲမှာပဲ ထားသင့်ပါတယ်။ အပူချိန် မျှပြီး အအေးလည်း ပိုရတဲ့အတွက် ပုပ်လွယ်တာမျိုး မဖြစ်တော့ပါဘူး။

Credit: lifehack

Picture: Huffington Post