ပဲပင်ပေါက်စိုက်တဲ့ နည်းက လွယ်ကူပြီး ဈေးလည်း သက်သာပါတယ်။ အိမ်မှာပဲ စားပင်လေးတွေ ကိုယ်တိုင်စိုက်ပျိုးတာကိုကြိုက်နှစ်သက်သူတို့ စမ်းကြည့်သင့်တဲ့နည်းလမ်းပါ။

ပဲပင်ပေါက်

ပဲပင်ပေါက်ဆိုတာ ပဲစေ့ကနေ အတက်ပေါက်လာတာပါဘဲ။ ပဲစေ့တွေ အစိုပြန်လာရင် တဖြည်းဖြည်းနဲ့ အတက်ပေါက်လာပြီး အပင်အသေးလေးတွေဖြစ်လာပါတယ်။

လိုအပ်သည့် ပစ္စည်းများ

  1. ဇရားအရွယ်ရှိတဲ့ ဖန်ပုလင်းတစ်လုံး
  2. ဇကာ တစ်ခု
  3. ဇကာကိုထည့်ပြီး အုပ်လို့ရတဲ့အဖုံး။ (Wide-Mouth Canning Ring)

ဒီလိုအဖုံးမျိုးမရှိလည်း ကိစ္စမရှိပါဘူး။ အဖုံးကို အပေါက်သေးသေးလေးတွေ၊ အစေ့ထွက်မကျတဲ့ အရွယ်လောက်ဖောက်လိုက်ပါ။

ပဲတီစေ့ ကြီးကြီးနဲ့ ကောင်းကောင်း သန့်သန့်လေးတွေရွေးဝယ်လိုက်ပါ။ ရေထဲစိမ်ကြည့်လိုက်ရင် ရေအောက်မြှပ်နေတဲ့ အစေ့တွေကိုဘဲယူပါ။

အစေ့တွေကို ရေစိမ်ထားပါ

နေ့လည်လောက်မှာ ပဲတီစေ့ စားပွဲတင်ဇွန်း ၃ဇွန်းကို အချိန် ၈ နာရီလောက်စိမ်ထားပါ။ နေတိုက်ရိုက်မထိတဲ့ ခြောက်သွေ့ပြီး အေးမြတဲ့နေရာမှာ စိမ်ထားပါ။

အကယ်၍ ညဘက်မှာ လုပ်မယ်ဆိုရင် အစေ့တွေကို စားပွဲတင်ဇွန်း ၃ ဇွန်းလောက်ယူလိုက်ပြီး ပုလင်းထဲထည့်ပါ။ ရေ ၂ခွက်လောက် လောင်းထည့်လိုက်ပါ။ ဇကာနဲ့ အဖုံးနဲ့ အုပ်လိုက်ပါ။ အစေ့တွေအားလုံးကို အောက်ရောက်သွားအောင် ပုလင်းကိုလှုပ်လိုက်ပါ။ ပြီးရင် ရေတွေကို ဇကာကနေတစ်ဆင့်ပြန်သွန်လိုက်ပါ။

နောက်ထပ် ခွက် ၂ခွက်၊ ၃ခွက်လောက် ထည့်ပြီး ထောင်ကာ မနက်အထိထားပါ။

အစေ့တွေကို ရေစစ်ပြီး ဆေးပါ

နောက်နေ့မနက်ဆိုရင် ရေတွေကိုထုတ်လိုက်ပါ။ အစေ့တွေကို မနေ့ညက လုပ်တဲ့အတိုင်း ရေထည့်မယ် လှုပ်မယ်၊ ရေသွန်လိုက်ပါမယ်။

တစ်နေ့ကို ဒီလိုမျိုး ရေထည့်၊ အစေ့တွေအားလုံးကို ရေထဲမြှပ်အောင် လှုပ်ခါမယ်၊ ရေသွန်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို ၂ ခါကနေ ၃ ခါလောက် လုပ်ပေးရပါမယ်။

နေ့စဉ်နဲ့အမျှ သင့် ပဲပင်ပေါက်တွေ တဖြည်းဖြည်းကြီးလာတာကိုတွေ့ရမှာဖြစ်ပြီး နောက်ဆုံးမှာ ပုလင်းတစ်ခုလုံး အစိမ်းရောင်ပဲပင်ပေါက်တွေနဲ့ ပြည့်သွားပါလိမ့်မယ်။

၃ ရက်ကနေ ၅ ရက်ကြားလောက်တော့ ကြာမြင့်တတ်ပါတယ်။

Featured Image Source: theecotrio.com