မာလကာသီးကို လူတွေဘာကြောင့် နှစ်သက်ကြလဲဆိုရင် အရသာ ချိုစိမ့်စိမ့် ရှိပြီး ကိုက်ပြီးစားရင် အရသာ ရှိသလို ဆားမဆလာနဲ့ တို့စားရင်လည်း စားကောင်းတဲ့ အသီးဖြစ်တာကြောင့်ပါ။  တစ်ချို့ကတော့ တခွပ်ခွပ်နဲ့ ကိုက်စားကြပါတယ်။ တစ်ချို့ကတော့ စိပ်ပြီးအစေ့ထုတ် ရေခဲသေတ္တာထဲထည့်ပြီး အေးအေးလေး စားလိုက်ရင် ရင်ထဲကို လန်းဆန်းသွားစေပါတယ်။

သဘာ၀ အသီးအနှံတစ်မျိုးဖြစ်တာကြောင့် အာဟာရ အကျိုးကျေးဇူးတွေကတော့ ရှိပြီး ဗီတာမင် စီ၊ Antioxidants၊ လိုက်ကိုပင်းနဲ့ တခြားကျန်းမာရေး အကျိုးပြု ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။

ဆီးချိုရောဂါကို သက်သာစေနိုင်

မာလကာသီးဟာ ဆီးချိုရောဂါကို သက်သာစေပါတယ်။   ကိုယ်ထဲက သကြားဓာတ်ကို စုပ်ယူပြီး အမျှင်ဓာတ် ပါဝင်မှုကို မြှင့်တင်ပေးတဲ့အတွက် ဆီးချိုသမားတွေ စားသုံးလို့ ရပါတယ်။ ဆီးချိုသမားတွေ အတွက် ဆေးအဖြစ် သောက်သုံးမယ်ဆိုရင် မာလကာသီး မမှည့်တမှည့်ကို လေးစိတ် စိပ်ပြီး ရေ၁လီတာလောက်နဲ့ ပြုတ်ပြီး ရေကို စစ်ပြီး တစ်နေ့ကို ၂ကြိမ်ခန့်သောက်ပေးနိုင်ပါတယ်။

ဘတ်တီးရီးယားတွေကို သေစေနိုင်

ဗီတာမင် စီ ကြွယ်ဝတဲ့ မာလကာသီးဟာ ဘတ်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ခိုက်ဖို့ အကူအညီပေးတဲ့ အတွက် ရာသီအလိုက် ပိုးတွေကြောင့် ဖြစ်တဲ့ ဖျားနာမှုတွေကို တားဆီးပေးပါတယ်။

မျက်လုံးတွေ အတွက် ကောင်းမွန်

ဗီတာမင် အေ ပါဝင်တဲ့ အသီးတိုင်းဟာ မျက်လုံးတွေ အတွက် အားဖြစ်စေပါတယ်။ အမြင်အာရုံ ရှင်းလင်းစေဖို့ မာလကာသီး စားပေးပါ။

ကင်ဆာဖြစ်ပွားမှုနှုန်း လျော့ချ

မာလကာသီးမှာ Antioxidants ပါဝင်မှု များပြားတဲ့ အတွက် ကင်ဆာဖြစ်ပွားနိုင်မှုကို လျော့ချာပေးပါတယ်။

မာလကာသီးဟာ သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး နှုတ်ခမ်း ရောင်ယမ်းခြင်းနဲ့ သွားဖုံးသွေးယိုခြင်းစတဲ့ ရောဂါတွေကိုလည်း ပျောက်ကင်း စေနိုင်တဲ့ သတ္တိ ရှိပါတယ်။ သွေးလည်ပတ် စီးဆင်းမှုကိုလည်း ကောင်းမွန်စေပြီး ကူးစက်ရောဂါ အတော်များများကိုလည်း ကာကွယ် ပေးပါတယ်။ အစာအိမ်ရောဂါ၊ သွေးဝမ်းပါရောဂါနဲ့ ဆီးချိုရောဂါ တို့ကိုလည်း သက်သာ ပျောက်ကင်းစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။

Credit – zeenews