နေထိုင်မှုပုံစံကို ဂရုစိုက်မယ်ဆိုရင် လူတိုင်းက အသက် ၈၀ ကျော်၊ ၉၀ လောက်အထိ ကျန်းကျန်းမာမာနဲ့ နေနိုင်ကြပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေစားသောက်မယ်၊ အရက်တွေသောက်မယ်၊ စီးကရက်တွေသောက်မယ်ဆိုရင်တော့ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေထိုင်မှာမဟုတ်ပါဘူး။
အိုးမင်းရင့်ရော်မှုကို လျော့ချပြီး ကျန်းကျန်းမာမာနေနိုင်မယ့် နည်းလမ်းများ
အစားအစာအများကြီးမစားပါနဲ့
ကမ္ဘာပေါ်မှာ ဂျပန်လူမျိုးတွေက အသက် အရှည်ဆုံးပါဘဲ။ ဂျပန်လူမျိုးတွေက အစားအစာအနည်းငယ်သာ စားသုံးကြပြီး ဗိုက်စာတာရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဘဲ စားသုံးကြတာပါ။
အစာအိမ်ထဲမှာ အစားအစာ ၃ ပုံ ၄ ပုံလောက်ပြည့်သွားပြီဆိုရင် စားတာ နှေးလာရင် ရပ်လိုက်သင့်ပါပြီ။
အစားအစာအများကြီးစားသုံးရင် ကယ်လိုရီတွေများလာကာ ကယ်လိုရီတွေက ဇီဝကမ္မဖြစ်စဉ်ကို နှေးစေတဲ့ T3 ဟော်မှုန်းကို များများထုတ်ပေးပါတယ်။
ဒါ့ကြောင့် အစားအစာကို နည်းနည်းစားတာက အိုမင်းရင့်ရော်တဲ့နှုန်းကို လျော့ချပေးနိုင်ပါတယ်။
စမတ်ဖုန်း၊ ကွန်ပျုတာနဲ့ တီဗီကြည့်တာ လျော့ပါ
စခရင်အရှေ့မှာ နာရီပေါင်းများစွာ ထိုင်ကြည့်နေတာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ တစ်နေ့ကို ၄ နာရီလောက် တီဗီကြည်သူဟာ တစ်နေ့ကို ၂ နာရီအောက် တီဗီကြည်သူထက် အထိုင်များတဲ့ ရောဂါဖြစ်ပွားနိုင်နှုန်း ၅၀ ရာခိုင်နှုန်းပိုများပါတယ်။
ဒါ့ကြောင့် တီဗီ၊ ကွန်ပျုတာ နဲ့ စမတ်ဖုန်းသုံးတာကို လျော့ပြီး စောစောအိပ်ပါ။
နေရောင်ပြင်းပြင်းကို ရှောင်ပါ
နေရောင်ခြည်ပြင်းပြင်းထဲမှာ အန္တရာယ်ရှိ UV တွေပါဝင်တာကြောင့် အသားအရေ ယားယံ၊ အသားအရေ ပျက်စီးတာနဲ့ အသားအရေ ကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။ နေပူထဲအပြင်ထွက်မယ်ဆိုရင် SPF ပါဝင်မှု 30 လောက် မျက်နှာ၊ ရင်ဘတ်၊ လည်ပင်း၊ ပခုံး၊ လက်မောင်းနဲ့ လက်တွေကို လိမ်းပေးသင့်ပါတယ်။
ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေစားပါ
အသင့်စားအစားအစာတွေအစား ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ စားသုံးပေးပါ။
ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေက နှလုံးရောဂါ၊ ကင်ဆာ၊ အ၀လွန်တာ၊ ကိုလက်စထရောစတာတွေကို လျော့ချပေးပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။
ဆေးလိပ်မသောက်ပါနဲ့
ဆေးလိပ်သောက်တာဟာ ကျန်းမာရေးကို အထိခိုက်ဆုံးပါဘဲ။ အသက် ၃၅ နှစ်မှာ ဆေးလိပ်သောက်တာရပ်လိုက်ရင် အသက်၆ နှစ်ကနေ ၈ နှစ်လောက်ပိုရှည်သွားပါတယ်။
လေ့ကျင့်ခန်း
အားကစားရုံသွားပြီး လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် နေ့တိုင်းနီးပါး လမ်းလျှောက်ပေးပါ။ ဓာတ်လှေကားမသုံးဘဲနဲ့ လှေကားထစ်တွေကို ပိုအသုံးပြုပါ။ အားကစားတစ်ခုကိုလိုက်စားရင် ၄ နှစ်လောက်အသက်ပိုရှည်လာပါလိမ့်မယ်။ အားကစားလုပ်ခြင်းက သင့် နှလုံး၊ အဆုတ်၊ စိတ်ခံစားချက်တို့ကို ကောင်းစေပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်သို့မဟုတ် အားကစားလုပ်ပေးပါ။