မျောက်ဥတွေကို အာရှနိုင်ငံများ၊ ကာရေဘီယံနှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် အများဆုံး တွေ့ရှိရပြီး ရံဖန်ရံခါတွင် ကန်စွန်းဥနှင့် အမှတ်မှားလေ့ရှိကြပါတယ်။ ဒါပေမဲ့ မျောက်ဥက ကန်စွန်းဥထက် အချိုထက်ပေါ့ပြီး ကစီဓာတ် ပိုများပါတယ်။

မျောက်ဥရဲ့အပြင်ဘက်ပုံပန်းသဏ္ဍာန်က အညိုရောင်သစ်ခေါက်ပုံသဏ္ဍာန်ရှိပြီး အတွင်းသားကတော့ မျောက်ဥရဲ့သက်တမ်းပေါ် မူတည်ပြီး အဖြူရောင်၊ အဝါရောင်၊ ခရမ်းရောင် (သို့) ပန်းရောင် စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။

မျောက်ဥများက အာဟာရဓာတ် မြင့်မားစွာပါဝင်ပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ မျောက်ဥ စားသုံးခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့…

ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

ရက်သတ္တပတ် ၁၂ ပတ်ကြာ ပြုလုပ်ထားတဲ့ လေ့လာချက်တစ်ခုအရ မျောက်ဥစားသုံးပြီး မှတ်ဉာဏ်စမ်းသပ်ချက် စာမေးပွဲဖြေဆိုတဲ့သူတွေက မျောက်ဥမစားတဲ့သူတွေထက် ရမှတ်ပိုများတာကို တွေ့ရှိရပါတယ်။

မျောက်ဥထဲမှာ Diosgenin လို့ခေါ်တဲ့ ထူးခြားတဲ့ဒြပ်ပေါင်းတစ်ခုပါဝင်ပြီး ထိုဒြပ်ပေါင်းက မှတ်ဉာဏ်စွမ်းအားကို တိုးမြှင့်ပေးပြီး ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ကြွက်တွေ အသုံးပြုပြီး စမ်းသပ်ထားတဲ့ စမ်းသပ်ချက်အရ မျောက်ဥစားတဲ့ ကြွက်တွေရဲ့အစား စားချင်စိတ်က လျော့နည်းသွားပြီး ကိုယ်အလေးချိန်လည်း လျော့ကျသွားပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်လည်း သိသိသာသာ ထိန်းချုပ်နိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

ဒီလိုသွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ခြင်း အကြောင်းအရင်းကတော့ မျောက်ဥထဲမှာ အမျှင်ဓာတ်အများအပြား ပါဝင်လို့ပဲဖြစ်ပါတယ်။

ကင်ဆာရောဂါကို ကုသပေးနိုင်ခြင်း

Source: Healthiersteps.com

မျောက်ဥထဲမှာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ Antioxidants များ ကြွယ်ဝစွာ ပါဝင်လို့ ပုံမှန်စားသုံးပေးပါက အူမကြီးကင်ဆာနဲ့ အခြားကင်ဆာဆဲလ်များ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေခြင်း

Source: Atcoblueflamekitchen.com

နာတာရှည်ရောင်ရမ်းခြင်းက နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါတို့ကို ဆက်နွယ်နေပါတယ်။ ရောင်ရမ်းမှုကို လျော့ချချင်တယ်ဆိုရင်တော့ Antioxidants များ ကြွယ်ဝစွာ ပါဝင်တဲ့ မျောက်ဥက အစွမ်းထက်ပါတယ်။ ဒါတင်မကသေးပါဘူး။ မျောက်ဥက အစာအိမ်အနာ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပြီး အစာအိမ်ကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်ပါတယ်။

Source: Healthline.com