[Unicode]

မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ပေါက်ရောက်ပါတယ်။ ဟင်းနုနွယ်ဆူးပေါက်ဟာ ဆေးဖက်ဝင်ပြီး ဟင်းနုနွယ်အရိုင်းလို့လည်း ခေါ်ကြပါတယ်။

အပင်

ဆူးရှိသော အပင်ငယ်မျိုး ဖြစ်သည်။ ထောင်မတ်၍ ပေါက်သည်။ ပင်စည် နှင့် အကိုင်း များတွင် မြောင်းပါ ရှိ၏ ။ ၁ ပေ မှ ၅ ပေ ထိ မြင့်သည်။ ပင်စည်နှင့် အကိုင်း ကြားများမှ ဖြောင့်၍ မာသော ဆူးများထွက်သည်။

mullancheera-prickly-amaranthus

အရွက်

ရွက်လွှဲ ထွက်သည်။ အလျား ၁၁/၂ လက်မ မှ ၄ လက်မ ထိရှည်၏။ အရွက်ပျော့ပျောင်း နူးညံ့ပြီး ရွက်ညှာ ရှည်သည်။

အပွင့်

ပွင့်ညှာ မဲ့ပန်းခိုင် ဖြစ်သည်။ ပန်းခိုင်ပေါ် တွင် အစိမ်းရောင် သမ်းသော အဖြူပွင့်များ များပြား စွာပွင့်သည်။ မိုးဦး ကျ ကဆုန် ၊ နယုန်လတွင် ပွင့်သည်။

အသုံးဝင်ပုံ

ပဉ္စငါးပါး ၊ အရွက်၊ အမြစ်။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ဟင်းနုနယ် ဆူးပေါက်သည် အေး၏ ၊ ဆီးဝမ်းကို ရွှင်စေ၏ ။ သားအိမ် ကိုက်ခဲခြင်း ကို ပျောက်စေ၏ ။နို့ရည်ကို ပွားများ စေ၍ သားအိမ်ကို အထူးအားပေး ၏ ၊ အဆိပ်ကိုပယ်တတ်၏ ။သွေးယိုစီး ခြင်းကို တားမြစ် တတ်၏ ။ ရင်၌ ထိုးကျင်ခြင်း နှင့် မီးယပ်လွန်ခြင်း ကို လည်း ပျောက်ကင်းစေ နိုင်သော ဂုဏ်ရှိ၏ ။

amaranth_leaf

ပဉ္စငါးပါးအသုံးပြုပုံ

၁ ။ပဉ္စငါးပါး ကြိတ်ညှစ်ရည်ကို သောက်ခြင်းဖြင့် မြွေဆိပ် ကို ပြေစေနိုင်သည်။
၂ ။ပဉ္စငါးပါး ပြုတ်၍ သောက်သော် ကိုယ်ဝန် ပျက်ခြင်း မှ ကင်းဝေး၏။

Amaranth cooking

အရွက် အသုံးပြုပုံ

၁ ။အရွက် ကို ညက်ညက်ကြိတ်၍ နှာခေါင်း မှ စပြီး မျက်နှာ အထက်ပိုင်း သို့ လိမ်းကျံ ပေးသော် နှာခေါင်း သွေးလျှံသွေးကျ ပျောက်၏ ။
၂ ။အရွက်ကို ဟင်းချက်စား က ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်၏။
၃ ။အရွက်ညှစ်ရည်ကို ပျားရည်နှင့် ရောလျက် သော် သွေးအန် သွေးကျ ရောဂါ ၊ မီးယပ် သွေးလွန် ခြင်း ၊ မီးယပ်ဖြူ ဆင်း ခြင်း၊ ညောင်းကျခြင်း နှင့် အနာ အဖု အပိမ့် များ ပေါက်ခြင်း ပျောက်၏။

အမြစ် အသုံးပြုပုံ

၁ ။ အမြစ်ကို ရေနှင့် သွေး၍ ကင်းကိုက်ရာသို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏ ။ သွေးစုနာ ပေါ်သို့ လိမ်းပေးလျှင် လည်း ပျောက်ကင်း ၏ ။
၂ ။ အမြစ်ကို သွေး၍ လိမ်းခြင်း ၊ ကြိတ်၍ အုံပေးခြင်းဖြင့် အကြောတက်ရောဂါ ပျောက်၏ ။
၃ ။အမြစ်ကို ရေနှင့်သွေး ၍ စစ်ပြီး နံနက်တစ်ကြိမ် ၊ ညတစ်ကြိမ် သောက်က မီးယပ် လွန်ခြင်း ပျောက်၏။

မြန်မာ့ဆေးဖက်ဝင် အပင်များ

Photo Credit: Organic Facts

[Zawgyi]

ျမန္မာႏိုင္ငံ ေဒသအႏွံ႔အျပားတြင္ ေပါက္ေရာက္ပါတယ္။ ဟင္းႏုႏြယ္ဆူးေပါက္ဟာ ေဆးဖက္၀င္ၿပီး ဟင္းႏုႏြယ္အရိုင္းလို႔လည္း ေခၚၾကပါတယ္။

အပင္

ဆူးရွိေသာ အပင္ငယ္မ်ိဳး ျဖစ္သည္။ ေထာင္မတ္၍ ေပါက္သည္။ ပင္စည္ ႏွင့္ အကိုင္း မ်ားတြင္ ေျမာင္းပါ ရွိ၏ ။ ၁ ေပ မွ ၅ ေပ ထိ ျမင့္သည္။ ပင္စည္ႏွင့္ အကိုင္း ၾကားမ်ားမွ ေျဖာင့္၍ မာေသာ ဆူးမ်ားထြက္သည္။

mullancheera-prickly-amaranthus

အရြက္

ရြက္လႊဲ ထြက္သည္။ အလ်ား ၁၁/၂ လက္မ မွ ၄ လက္မ ထိရွည္၏။ အရြက္ေပ်ာ့ေပ်ာင္း ႏူးညံ့ၿပီး ရြက္ၫွာ ရွည္သည္။

အပြင့္

ပြင့္ၫွာ မဲ့ပန္းခိုင္ ျဖစ္သည္။ ပန္းခိုင္ေပၚ တြင္ အစိမ္းေရာင္ သမ္းေသာ အျဖဴပြင့္မ်ား မ်ားျပား စြာပြင့္သည္။ မိုးဦး က် ကဆုန္ ၊ နယုန္လတြင္ ပြင့္သည္။

အသံုးဝင္ပံု

ပဥၥငါးပါး ၊ အရြက္၊ အျမစ္။

အာနိသင္

ျမန္မာေဆးက်မ္းမ်ား အလိုအရ ဟင္းႏုနယ္ ဆူးေပါက္သည္ ေအး၏ ၊ ဆီး၀မ္းကို ရႊင္ေစ၏ ။ သားအိမ္ ကိုက္ခဲျခင္း ကို ေပ်ာက္ေစ၏ ။ႏို႔ရည္ကို ပြားမ်ား ေစ၍ သားအိမ္ကို အထူးအားေပး ၏ ၊ အဆိပ္ကိုပယ္တတ္၏ ။ေသြးယိုစီး ျခင္းကို တားျမစ္ တတ္၏ ။ ရင္၌ ထုိးက်င္ျခင္း ႏွင့္ မီးယပ္လြန္ျခင္း ကို လည္း ေပ်ာက္ကင္းေစ ႏိုင္ေသာ ဂုဏ္ရွိ၏ ။

amaranth_leaf

ပဥၥငါးပါးအသံုးျပဳပံု

၁ ။ပဥၥငါးပါး ႀကိတ္ၫွစ္ရည္ကို ေသာက္ျခင္းျဖင့္ ေျမြဆိပ္ ကို ေျပေစႏိုင္သည္။
၂ ။ပဥၥငါးပါး ျပဳတ္၍ ေသာက္ေသာ္ ကိုယ္၀န္ ပ်က္ျခင္း မွ ကင္းေ၀း၏။

Amaranth cooking

အရြက္ အသံုးျပဳပံု

၁ ။အရြက္ ကို ညက္ညက္ႀကိတ္၍ ႏွာေခါင္း မွ စၿပီး မ်က္ႏွာ အထက္ပိုင္း သို႔ လိမ္းက်ံ ေပးေသာ္ ႏွာေခါင္း ေသြးလွ်ံေသြးက် ေပ်ာက္၏ ။
၂ ။အရြက္ကို ဟင္းခ်က္စား က ဆီးေအာင့္ ေက်ာက္တည္ေရာဂါ ေပ်ာက္၏။
၃ ။အရြက္ၫွစ္ရည္ကို ပ်ားရည္ႏွင့္ ေရာလ်က္ ေသာ္ ေသြးအန္ ေသြးက် ေရာဂါ ၊ မီးယပ္ ေသြးလြန္ ျခင္း ၊ မီးယပ္ျဖဴ ဆင္း ျခင္း၊ ေညာင္းက်ျခင္း ႏွင့္ အနာ အဖု အပိမ့္ မ်ား ေပါက္ျခင္း ေပ်ာက္၏။

အျမစ္ အသံုးျပဳပံု

၁ ။ အျမစ္ကို ေရႏွင့္ ေသြး၍ ကင္းကိုက္ရာသို႔ လိမ္းေပးေသာ္ ကင္းဆိပ္ ေျပ၏ ။ ေသြးစုနာ ေပၚသို႔ လိမ္းေပးလွ်င္ လည္း ေပ်ာက္ကင္း ၏ ။
၂ ။ အျမစ္ကို ေသြး၍ လိမ္းျခင္း ၊ ႀကိတ္၍ အံုေပးျခင္းျဖင့္ အေၾကာတက္ေရာဂါ ေပ်ာက္၏ ။
၃ ။အျမစ္ကို ေရႏွင့္ေသြး ၍ စစ္ၿပီး နံနက္တစ္ႀကိမ္ ၊ ညတစ္ႀကိ္မ္ ေသာက္က မီးယပ္ လြန္ျခင္း ေပ်ာက္၏။

ျမန္မာ႔ေဆးဖက္ဝင္ အပင္မ်ား

Photo Credit: Organic Facts