ဟင်းလျာတွေချက်ပြုတ်ရာမှာ အရောင်အသွေးစိုပြေပြီးတော့ ပိုမိုအရသာရှိစေဖို့အတွက် ထည့်သွင်းအသုံးပြုလေ့ရှိတဲ့ ငရုတ်ပွသီးတွေက လူသားတွေကို ဘယ်လောက်ထိအကျိုးပြုကြသလဲဆိုတာ မေးကြည့်လိုက်မယ်ဆိုရင် သိပ်ပြီးမဖြေနိုင်ကြလောက်ပါဘူး။

ဗီတာမင် အေ၊ စီ၊ ကေစသည့်ဓာတ်တွေအပြင် အခြားကိုယ်ခန္ဓာကျန်းမာရေးအတွက် ထောက်ပံ့ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်းသတ္တိတွေလည်း ပါဝင်နေပါသေးတယ်။

ဒါ့အပြင် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်တဲ့Homocysteine Levels တွေကိုလည်း နိမ့်ကျစေဖို့အတွက် ကူညီပေးနိုင်တဲ့ ဗီတာမင်ဘီစစ်နဲ့ ဖော့လစ်ဓာတ်တို့လည်း ပေါင်းစပ်ပါဝင်ပါသေးတယ်။

၁။ မျက်လုံးကျန်းမာရေး

ဗီတာမင်အေဓာတ်မြင့်မားသည့်အတွက် မျက်စိအမြင်အားကောင်းစေဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကြုံတွေ့ရနိုင်တဲ့ မျက်စိတိမ်စွဲခြင်းကို ကာကွယ်နိုင်ရန် အထူးဂရုတစိုက်နဲ့ စားသုံးပေးဖို့ လိုအပ်ပါတယ်။

၂။ ကယ်လိုရီတွေလောင်ကျွမ်းစေခြင်း

ငရုတ်ပွသီးအနီရောင်တွေမှာပါဝင်တဲ့ အစပ်ဓာတ်ဟာ အခြားငရုတ်သီးတွေနဲ့ယှဉ်ရင် အင်မတန်နည်းပါးတဲ့အတွက်ကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေမှာမဟုတ်ဘဲ ကိုယ်တွင်းရှိအဆီပိုတွေကို လောင်ကျွမ်းစေမှာဖြစ်ပါတယ်။

၃။ ကင်ဆာကာကွယ်ပေးခြင်း

Antioxidant နှင့် Anti-inflammatory အာဟာရဓာတ်တို့ ကြွယ်ဝသည့်အတွက်ကြောင့် ငရုတ်ပွသီးတွေဟာဆိုရင် ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်မှန်မှန်စားသုံးပေးမယ်ဆိုပါက အစာအိမ်ကင်ဆာ၊ အစာပြွန်ကင်ဆာ၊ ပန်ကရိယကင်ဆာ စတဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာပါ။

၄။ ဗီတာမင် B6 နှင့် မဂ္ဂနီဆီယမ်တို့ကြွယ်ဝခြင်း

ဗီတာမင် B6 နှင့် မဂ္ဂနီဆီယမ်ဓာတ်နှစ်ခုပေါင်းစပ်ပါဝင်တဲ့ ငရုတ်ပွသီးကို စားသုံးပေးခြင်းဟာ စိုးရိမ်ပူပန်မှုများပြားခြင်းကို လျော့ကျစေမှာဖြစ်ပါတယ်။ အထူးသဖြင့် ဓမ္မတာမလာခင် ခံစားရတဲ့ စိတ်မတည်မငြိမ်ဖြစ်မှုတွေကိုလည်း သက်သာစေမှာပါ။ ဒါ့အပြင် ဖောရောင်ခြင်း၊ သွေးတိုးရောဂါတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

၅။ သံဓာတ်ချို့တဲ့မှုကို ကုသပေးခြင်း

ငရုတ်ပွသီးအနီရောင်တွေကို နေ့စဉ်နေ့တိုင်း စားသုံးပေးခြင်းဟာ ဗီတာမင်စီဖြည့်ဆည်းမှုကို ၃၀၀ ရာခိုင်နှုန်းအထိဖြစ်ပေါ်စေပြီးတော့ ခန္ဓာကိုယ်တွင်းမှ သံဓာတ်ပုံမှန်လည်ပတ်မှုကို အထောက်အပံ့ဖြစ်စေပါတယ်။