မျက်ရိုးကိုက်၊ ဇက်ကြောတက် ရောဂါရှိသူ၊ ကွန်ပျူတာ နှင့် နေ့စဉ် အလုပ်လုပ်ရသူတို့အနေနဲ့ ကွမ်းရွက်ကို ပြားစေ့အဝိုင်းခန့် ဆုတ်ပြီး နားထင်နှစ်ဖက်နှင့် မျက်ခုံးနှစ်ခုကြားတွင် ကပ်ပေးခြင်းဖြင့် မျက်ရိုးကိုက်၊ ဇက်ကြောတက်တာတွေကို သက်သာစေနိုင်ပါတယ်။ ကွမ်းရွက် ကပ်တဲ့အခါ ကြမ်းတဲ့ဘက်က မကပ်ဘဲ ပြောင်ချောမျက်နှာပြင်ဘက်မှ ကပ်ပေးပါ။

Source: Wikimedia Commons

မျက်မှန်ဒီဂရီတက်သူနှင့် မျက်စိသူငယ်အိမ် စောင်းသူများလည်း ညအိပ်ရာဝင်ချိန်တွင် ကွမ်းရွက်ကို ပုံမှန်ကပ်ပေးခြင်းဖြင့် မျက်မှန်ဒီဂရီလျော့ကျစေပြီး သူငယ်အိမ်စောင်း၍ မျက်မှန်တပ်ရသူများမှာ တစ်လခန့်ကပ်ရုံဖြင့် မျက်မှန်လွတ်သွားသူများ ရှိသည်ဟုလည်း ဆိုကြပါတယ်။ အချို့ကတော့ ကွမ်းရွက်ကို ပြားစေ့ခန့် အဝိုင်းပြုလုပ်၍ ကပ်တတ်ကြပြီး အချို့ကတော့ ကွမ်းရွက်တစ်ရွက်လုံးကို မျက်စိအရွယ် အပေါက်ဖောက်၍ ကပ်သူများလည်း ရှိပါတယ်။

Source: itsherbalmagic.co.uk

ညအိပ်ရာဝင်ခါနီး ကွမ်းရွက်ကပ်မယ်ဆိုပါက ကပ်တဲ့ပုံစံနဲ့ နည်းစနစ် မှန်ကန်လျှင် နံနက်အိပ်ရာထတဲ့အထိ ကွာမကျပါဘူး။ ညောင်းကိုက်ပြီး ဖျားတဲ့တုပ်ကွေးလို အဖျားမျိုးဆို ကွမ်းရွက်နှင့် ချင်းတက်၊ ထန်းလျက် ပြုတ်ရည်တွင် ဆားလှော် သို့မဟုတ် ကျပ်ခိုး အနည်းငယ်ထည့်၍ ခပ်ပူပူလေး မှုတ်သောက်ကာ စောင်ခြုံပြီး ချွေးအောင်းခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Source: ugaoo.com

ရှေးခေတ်တွေတုန်းကဆို ကွမ်းရွက်ခြောက်ကို ရေနွေးဓာတ်ဘူးထဲ ထည့်သောက်ခြင်းဖြင့် ရင်ကျပ်၊ ပန်းနာ ဝေဒနာသည်များလည်း သက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။ ကလေးသူငယ်များအတွက် ကွမ်းရွက်အသုံးပြုပုံမှာ အပူကြီး၍ဖျားလျှင် ကွမ်းရွက်စိမ်းကို အရည်ညှစ်၍ ချိုင်းကြား၊ ပေါင်ခြံကြားတို့တွင် လိမ်းပေးပါ။ နှာစေး၊ နှာပိတ်လျှင် ကွမ်းရွက် အဝိုင်းငယ်ကို ကလေးငယ်ထိပ်တွင် ကပ်ပေးပါ။ ချွဲထ၊ ရင်ကျပ်လျှင် ကွမ်းရွက်ကို မီးကင်၍ ကလေးရင်အုံတွင် ကပ်ပေးပါ။ ဝမ်းချုပ်၊ ဆီးချုပ်ဖြစ်လျှင် ကွမ်းရိုးတွင် အုန်းဆီသုတ်ပြီး ကလေးစအို ပေါက်မှ ဝမ်းချူသကဲ့သို့ ထည့်ပြီးလှည့်ပေးလျှင် ဆီးရောဝမ်းပါ သွားစေနိုင်ပါတယ်။

Credit: ကြည်မြင့်လွင် (မုဒြာ) & PannPwint – Health

Featured Image Source: johorkaki.blogspot.com