နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ နှမ်းမည်းစေ့ကို ဟင်းရွက်သုပ်တဲ့အခါ၊ ကိတ်မုန့်၊ ပေါင်မုန့် ပြုလုပ်ရာမှာနဲ့ လက်ဖက်သုပ်ရာမှာ ထည့်စားလေ့ရှိပါ တယ်။ လူအများစုစားဖို့ မေ့လျော့နေတတ်တဲ့ နှမ်းမည်းစေ့မှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများအပြား ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းမည်းစေ့ရဲ့ အာနိသင်တွေကို သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Source: mykheonline.com

နှမ်းမည်းစေ့ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှု ဖြစ်နိုင် ခြေကို လျှော့ချပေးနိုင်ပါတယ်။ နှမ်းမည်းစေ့မှာပါတဲ့ အင်တီအောက် ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။

ဒါ့အပြင် ဦး နှောက်ဆီကို လိုအပ်တဲ့ အာဟာရဓာတ် နဲ့ အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါ တယ်။ ဒါက သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း လက်ခံထား ကြပါတယ်။ နှမ်းမည်းစေ့ဟာ သွေးထဲမှာ အဆီ စုပုံမှုနဲ့ မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေ ပါတယ်။

black_sesame_seed_cookies

နှမ်းမည်းစေ့မှာပါဝင်တဲ့ အာဟာရ ဓာတ်တွေရဲ့ လုပ်ငန်းဆောင်တာတစ်ခုက ရောင်ရမ်းမှုကို လျော့ကျစေတာ ဖြစ်တဲ့ အတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ နှမ်းမည်းစေ့မှာ နွားနို့ထက် ပရိုတင်း နှစ်ဆ ပိုမိုပါဝင်ပြီး တခြားဟင်းသီးဟင်း ရွက်ထက် ကယ်လ်စီယမ် အဆ ၄၀ ပိုမို ခြောက်ဆ ပိုမို ပါဝင်နေပါတယ်။ နှမ်း မည်းစေ့ကို စားတာကြောင့် အူမကြီးကင် ဆာ၊ အရိုးပါးရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်တာနဲ့ ရာသီအကြိုဝေဒနာတို့မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။

black-sesame-seeds

နှမ်းမည်းစေ့မှာပါဝင်တဲ့ ဘီတာစစ်စ တိုစတီရောမှာ ရောင်ရမ်းမှု လျော့ကျစေ တဲ့ လုပ်ငန်းဆောင်တာတစ်ခုရှိပြီး အဆီ ပြန်တဲ့ အရေပြားတွေကို သက်သာစေ ကာ အနာကျက်အား ကောင်းမွန်စေပါ တယ်။နှမ်းမည်းစေ့မှာ အများအပြား ပါဝင် တဲ့ ဗီတာမင်အီးဟာ အရေပြားရဲ့ ပျိုမျစ် နုနယ်တဲ့အသွင်ကို ထိန်းသိမ်းပေးထား ပြီး အရေပြားအိုမင်းမှုကို ဟန့်တားပေး နိုင်ပါတယ်။ နှမ်းမည်းစေ့မှာ ဗီတာမင် B2 ၊B3 ၊ B5၊ B6၊ B9၊ ပရိုတင်း၊ သံဓာတ်၊ ဇင့် (သွပ်)ဓာတ်၊ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖ ရပ်စ်တို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ် အများအပြား ပါဝင်နေ ပါတယ်။ နှမ်းမည်းစေ့မှာ ပါဝင်တဲ့ ပါရာအမိုင် နိုအက်စစ်ဟာ အိပ်မပျော်တဲ့ဝေဒနာနဲ့ ပင်ပန်းနွမ်းနယ်တာတို့ကို နာမကျန်းမှု အ မျိုးမျိုး ခံစားနေရပါက အမြန်သက်သာ စေပါတယ်။

နှမ်းမည်းစေ့မှာ ပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ ဦးနှောက်ကို အားဖြည့် ပေးပြီး ဦးနှောက်ရဲ့ ပျက်စီးယိုယွင်းမှု ဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ နှ လုံးရောဂါထတာကိုလည်း လျော့ကျစေ ပါတယ်။ နှမ်းမည်းစေ့မှာ ပါဝင်တဲ့ အမိုင်နို အက်စစ်ဟာ ဆံကေသာကို ကျန်းမာလှ ပစေပါတယ်။

Credit: Kyalsin (GoodHealth)