နဂါးမောက်သီးမှာ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်သည့် အာဟာရဓာတ်တွေနဲ့ Antioxidants ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင်တင်ပေး

နဂါးမောက်သီးမှာ Flavonoids ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ဖျားနာတာတွေ၊ ရောဂါပိုးဝင်တာတွေကို ကာကွယ်ပေးပါတယ်။ ဗီတာမင် စီဓာတ်လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

အဲ့ဒီအပြင် Polyphenols ဓာတ်နဲ့ Flavonoids ဓာတ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေမဖြစ်ပေါ်လာအောင် ကူညီပေးပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေ

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အဲ့ဒီအပြင် အစာအိမ်ဟောင်းလှုပ်ရှားမှုကို အမျှင်ဓာတ်က ကူညီပေးတာကြောင့် ဝမ်းချုပ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

နှလုံးကျန်းမာရေးကို မြှင့်တင်ပေး

နဂါးမောက်သီးမှာ မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို ကျဆင်းစေပြီး ကောင်းတဲ့ကိုလက်စထရောဓာတ်ကိုမြှင့်တင်ပေးကာ နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။

အရွယ်တင်နုပျိုစေ

Antioxidants ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရွယ်တင်နုပျိုစေပါတယ်။ ဗီတာမင် စီဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရေးအကြောင်းတွေ ဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် ထိခိုက် ပျက်စီးနေတဲ့ ဆဲလ်တွေကိုလည်း ပြန်လည် ပြုပြင်ပေးပါတယ်။