ငှက်ပျောသီးစားရင် အားရှိတယ်လို့ ပြောကြပေမယ့် တကယ်တမ်းက အားရှိစေတာ တစ်မျိုးထဲမဟုတ်ပါဘူး။ ငှက်ပျောသီးကိုနေ့တိုင်း တစ်နေ့တစ်လုံးစားပေးရင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခြားသောကောင်းကျိုးတွေလည်း အများကြီးရလာအုံးမှာပါ။ ဒါဆိုရင် ငှက်ပျောသီးကို နေ့တိုင်းစားပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်။

ငှက်ပျောသီးကို တစ်နေ့တစ်လုံး နေ့တိုင်းစားပေးခြင်းက သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးလည်း ပိုပြီးကောင်းလာစေပါတယ်။

ငှက်ပျောသီးကို တစ်နေ့တစ်လုံး နေ့တိုင်းစားပေးတာ ကြာလာရင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။

ငှက်ပျောသီးကို တစ်နေ့တစ်လုံး ပုံမှန်နေ့တိုင်းစားပေးရင် ကိုယ်ခံအားပိုကောင်းလာစေတယ်။ အားရှိစေတယ်။ ဝိတ်တက်စေတယ်။ ဝိတ်တက်တယ်ဆိုပေမယ့် အဆီတက်လာတာမျိုးနဲ့ မဟုတ်ပါဘူး။ အသားတက်လာစေတာပါ။

ငှက်ပျောသီးက အသားအရေကောင်းဖို့၊ အသားအရေလှဖို့အတွက်လည်း ကူညီပေးနိုင်တဲ့ အသီးတစ်မျိုးပါ။

ငှက်ပျောသီးစားပေးတာက အစာခြေစနစ်ကို ပိုပြီးကောင်းလာစေတဲ့အတွက် အစာမကြေဖြစ်တတ်တဲ့သူတွေဆိုရင် တစ်နေ့တစ်လုံး မှန်မှန်စားပေးသင့်ပါတယ်။

Source: www.hhdresearch.org