လူကြိုက်များတဲ့ ပင်လယ်စာ အစားအစာတစ်ခုကတော့ ဂဏန်းပဲဖြစ်ပါတယ်။ ထိုဂဏန်းကို စားသုံးပေးခြင်းအားဖြင့် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးများ ရရှိနိုင်မလဲဆိုတာကို စာဖတ်သူတို့ သိပြီးကြပြီလား။

မသိသေးဘူးဆိုရင်တော့ ဗဟုသုတအနေနဲ့ ဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်။

အရိုးအဆစ်များ သန်မာစေခြင်း

ဂဏန်းထဲမှာ ကြွယ်ဝစွာပါဝင်တဲ့ ဖော့စရပ်ဓာတ်က အရိုးနဲ့ သွားများကို သန်မာစေပါတယ်။ အရိုးပွရောဂါ ခံစားရနိုင်ချေရှိတဲ့လူတွေက ကယ်လ်စီယမ်ဓာတ်နဲ့ ဖော့စရပ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဂဏန်းကို စားသုံးပေးသင့်ပါတယ်။

အာရုံကြောအားကောင်းစေခြင်း

Brain

ဂဏန်းထဲမှာ ဗီတာမင် B2 ၊ အိုမီဂါ သရီး ဖက်တိအက်ဆစ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဓာတ်များ ပေါင်းစည်းလိုက်တဲ့အခါမှာတော့ မှတ်ဉာဏ်စွမ်းအားကောင်းမွန်ခြင်း၊ ရောင်ရမ်းမှုကို လျော့ချပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

ဂဏန်းမှာ အိုမီဂါသရီး ပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စတောဓာတ်ကို ထိန်းညှိပေးတဲ့အပြင် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

ကိုယ်ခံစွမ်းကို မြှင့်တင်ပေးခြင်း

လေ့လာချက်များအရ ဂဏန်းထဲမှာပါဝင်တဲ့ Selenium ဓာတ်က ခုခံစွမ်းအားကို မြှင့်မားဖို့အတွက် လှုံ့ဆော်ပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး တစ်ခါတရံမှာတော့ Antioxidant အဖြစ် ပြောင်းလဲပြီး နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။

ခန္ဓာကိုယ်ရှိအဆိပ်အတောက်များ ဖယ်ရှားပေးခြင်း

ယနေ့ခေတ် ဈေးကွက်ထဲမှာ ကိုယ်ခန္ဓာတွင်းရှိ အဆိပ်အတောက် အညစ်အကြေးများကို ဖယ်ရှားရှင်းလင်းပေးတဲ့ ဈေးကြီးတဲ့ ဆေးဝါးမျိုးစုံ၊ ထုတ်ကုန်မျိုးစုံ ပေါ်ထွက်လို့နေပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ထိုဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆေးတစ်မျိုးမျိုးကို စွဲပြီး မသောက်ချင်ဘူးဆိုရင်တော့ ဂဏန်းကို ပုံမှန်စားပေးနိုင်ပါတယ်။ ဂဏန်းထဲမှာ ပါဝင်တဲ့ ဖော့စရပ်ဓာတ်က ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို တိုးမြှင့်ပေးပြီး ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ပုံမှန်ထက်ပိုပြီး လျင်မြန်စွာ ဖယ်ရှားပေးပါလိမ့်မယ်။

Source: Costasinn.com