ငါးက ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ငါးထဲမှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဒီဓာတ်နဲ့ အာဟာရာဓာတ်များ စုံလင်ကြွယ်ဝစွာပါဝင်ပါတယ်။ ငါးက အိုမီဂါသရီး ဖက်တိအက်ဆစ်တို့ရဲ့ ပင်မအရင်းအမြစ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက်လည်း လွန်စွာအရေးပါတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

ငါးစားခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကိုရော သင် သိပြီးပါပြီလား။

အာဟာရဓာတ်များ ကြွယ်ဝစုံလင်စွာ ရရှိခြင်း

တစ်ပတ်မှာ ငါးကို နှစ်ကြိမ် သုံးကြိမ်ခန့် စားသုံးပေးခြင်းက သင့်ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။ ဆော်လမွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာငါး စတဲ့ငါးတွေမှာ သဘာဝအဆီဓာတ်များ ကြွယ်ဝစွပါဝင်တာကြောင့် သင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့အဆီဓာတ်ကို ရရှိနိုင်ပါတယ်။

နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း

ငါးဟင်းမှန်မှန်စားသုံးသူတွေက နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေ ၁၅ ရာခိုင်နှုန်းခန့် နည်းပါးပါတယ်။ အိုမီဂါသရီး ဖက်တိအက်ဆစ်ပါဝင်တဲ့ငါးတွေက နှလုံးကျန်းမာရေးအတွက် ပိုပြီးတော့ အထောက်အကူဖြစ်စေပါတယ်။

ဉာဏ်ရည်မြင့်မားအောင် ကူညီပေးခြင်း

အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ လူသားတွေရဲ့မှတ်ဉာဏ်က တဖြည်းဖြည်းလျော့နည်းသွားတတ်ပါတယ်။ တချို့အသက်အရွယ်ကြီးရင့်သူတွေကလည်း အယ်လ်ဇိုင်းမားရောဂါကို ခံစားရတတ်ကြပါတယ်။ လေ့လာချက်များအရ ငါးကို မှန်မှန်စားသုံးပေးခြင်းက ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်မားစေတယ်လို့ သိရှိရပါတယ်။

စိတ်ကျရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးခြင်း

စိတ်ဓာတ်ကျသလို ခံစားနေရရင် ရှောင်သင့်တဲ့ အစားအစာ

နှလုံးရောဂါ၊ အဝလွန်ရောဂါတွေပြီးရင် ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါကတော့ စိတ်ကျရောဂါပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ငါး မှန်မှန်စားပေးခြင်းက စိတ်ကျရောဂါ မခံစားရအောင် ကာကွယ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

အမြင်အာရုံကောင်းမွန်အောင် ကူညီပေးခြင်း

အသက်ကြီးလာတာနဲ့အမျှ လူသားတွေရဲ့ အမြင်အာရုံက တဖြည်းဖြည်း မှုန်ဝါးလာတတ်ပါတယ်။ ဒါပေမဲ့ ငါးဟင်း၊ ငါးကြော်၊ ငါးကင် စတဲ့ အစားအစာတွေကို ပုံမှန်စားပေးခြင်းက အသက်ကြီးရင့်လာခြင်းကြောင့် အမြင်အာရုံမှုန်ဝါးလာခြင်း ပြဿနာများကို ဖယ်ရှားပေးနိုင်ပါတယ်။

Source: healthline.com