စပျစ်သီးက လူတိုင်းနဲ့တည့်ပါတယ်။ သူ့မှာက လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ vitamins C, vitamin K, thiamine, riboflavin, potassium, vitamin B6, copper, manganese စတဲ့ဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒီလိုဓာတ်တွေများစွာပါဝင်တဲ့ စပျစ်သီးကို နေ့တိုင်းစားပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုကောင်းကျိုးတွေ ရရှိလာမလဲဆိုတာကို ကြည့်လိုက်ရအောင်။

စပျစ်သီးအနီမှာက antioxidants မြင့်မားစွာပါဝင်လို့ နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။

စပျစ်သီးကို နေ့တိုင်းစားပေးရင် မျက်လုံးကျန်းမာရေး ပိုကောင်းလာပြီး အမြင်အာရုံပိုကောင်းလာစေပါတယ်။ မျက်လုံးနဲ့ပတ်သက်ပြီး ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စပျစ်သီးကို နေ့တိုင်းစားပေးရင် အိုမင်းရင့်ရော်မှုတွေ၊ အရေးအကြောင်းတွေဖြစ်တာ နောက်ကျပါတယ်။ စပျစ်သီးမှာက vitamin C ပေါများစွာပါဝင်လို့ အသားအရည်လည်း ကြည်လင်လှပစေပါတယ်။

စပျစ်သီးကို နေ့တိုင်းစားပေးခြင်းဖြင့် အသားအရေပြဿနာတွေ၊ အသားအရေ နီရဲတာ၊ ဖူးရောင်တာတွေ မဖြစ်တော့အောင်လည်း ကာကွယ်ပေးပါတယ်။

စပျစ်သီးကို နေ့တိုင်းစားပေးရင်၊ စပျစ်ဖျော်ရည်သောက်ပေးရင် မှတ်ဉာဏ်အား ပိုကောင်းလာစေပါတယ်။

စပျစ်သီးမှာက calcium, phosphorus, magnesium, potassium, manganese စတဲ့ဓာတ်တွေ ပါဝင်တာကြောင့် အရိုးကျန်းမာရေးလည်း ပိုကောင်းလာစေပါတယ်။

စပျစ်သီးမှာက အဓိက main အနေနဲ့ vitamin C များစွာပါဝင်လို့ နေ့တိုင်းစားပေးရင် ကိုယ်ခံအားစနစ် ကောင်းမွန်လာစေလို့ တော်ရုံ ကူးစက်ရောဂါတွေဆို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Source: www.hhdresearch.org