ခရမ်းသီးက ခရမ်းချဉ်သီးနဲ့ အာလူးမျိုးနွယ်ဝင်တွေနဲ့ ဆက်နွယ်နေတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် စားသုံးခြင်းက ရောဂါကာကွယ်စေနိုင်တယ်လို့ အကြမ်းဖျဉ်းအားဖြင့် အားလုံးသိထားပြီးသားဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ခရမ်းသီးရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

၁။ နှလုံးအားကောင်းစေခြင်း

ခရမ်းသီးစားခြင်းရဲ့ အကျိုးကျေးဇူး

ခရမ်းသီးထဲမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် စီနဲ့ ဗီတာမင် B6 တို့ ပါဝင်ပြီး ထိုဓာတ်များက နှလုံးရောဂါခံစားရနိုင်ချေကို လျော့ချပေးရာမှာ ကူညီပေးကြပါတယ်။ လေ့လာချက်များအရ ခရမ်းသီးနည်းနည်းလေးပဲ စားမယ်ဆိုရင်တောင် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို ရာခိုင်နှုန်းတော်တော်များများလျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းသီးထဲမှာ ပါဝင်တဲ့ ဗီတာမင် ကေက သွေးခဲခြင်းမှ ကာကွယ်ပေးပြီး သွေးစီးဆင်းခြင်းကို ကောင်းမွန်စေပါတယ်။

၂။ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း

ခရမ်းသီးထဲမှာ ပါဝင်တဲ့ Anthocyanin ဓာတ်က သွေးပေါက်တက်ခြင်းကို သိသိသာသာကူညီပေးနိုင်ပါတယ်။ သွေးပေါင်တက်တဲ့အခါ ခံစားရတဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ နှလုံးရောဂါနဲ့ သွေးခဲခြင်းတို့ကိုလည်း လုံးဝမဖြစ်ပွားအောင် တားဆီးပိတ်ပင်ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဗီတာမင် အီးက ရင်ခေါင်းအောင့်ခြင်း၊ နာခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

၃။ ကင်ဆာရောဂါအချို့မှ ကာကွယ်ပေးခြင်း

Eggplant

ခရမ်းသီးထဲမှာ ပါဝင်တဲ့ Polyphenols ၊ Anthocyanins နဲ့ Cholorogenic အက်စစ်ဓာတ်တို့က ဦးနှောက်အကြိတ်ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ ပြန့်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် အေ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သွားဖုံးကင်ဆာနဲ့ အရေပြားကင်ဆာတို့ မခံစားရအောင် စွမ်းဆောင်ပေးနိုင်တာကတော့ ခရမ်းသီးရဲ့ အံ့မခန်းအစွမ်းပဲဖြစ်ပါတယ်။

၄။ သွေးအားနည်းရောဂါခံစားရခြင်းမှ တားဆီးပေးနိုင်

သံဓာတ်အားနည်းတဲ့သူတွေအတွက် ခရမ်းသီးက ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ခရမ်းသီးစားသုံးခြင်းက သွေးနီဥဆဲလ်များကို ပွားများစေပြီး သွေးအားကောင်းစေကာ အမောခံနိုင်ခြင်း၊ စွမ်းအင်ပြည့်ဝခြင်း၊ သန်မာခြင်း၊ စိုးရိမ်ပူပန်စိတ်ကို ဖယ်ရှားပေးခြင်း စတဲ့ အကျိုးကျေးဇူးများကိုလည်း ခံစားရရှိစေနိုင်ပါတယ်။

၅။ ဆီးချိုရောဂါမှ ကာကွယ်ပေးခြင်း

ခရမ်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အစားအသောက် အာဟာရပညာရှင်များက ဆီးချိုသမားများ မှီဝဲစားသုံးသင့်တယ်လို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ Phenols ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရမှာလည်း ကျွမ်းကျင်ပိုင်နိုင်လှပါတယ်။

Source: askdrnandi.com