ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက်ကြပါတယ်။
ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ်တကူကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီးကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့အတွက် အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။
- သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
- ကိုလက်စ်ထရော လျော့ချပေးခြင်း။
- သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
- လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
- အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
- အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
- အဆုတ်နှင့် ဆက်စပ် ရောဂါကို ပျောက်ကင်းစေခြင်း။
- ပြည်တည်နာကို ကျက်စေခြင်း။
- ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများအား ပျောက်ကင်းစေခြင်း။
- ဝမ်းတွင်း အစာချေဖြတ်မှု လုပ်ငန်းအား မြန်ဆန်စေခြင်း။
- ကင်ဆာ ရောဂါ အများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။
- ဓာတုဆေး အဆိပ်တို့ကို ပြေစေခြင်း။
- သွေးမခဲစေရန် တားဆီး ကာကွယ်ပေးခြင်း။
- အစား စားချင်စိတ် ဖြစ်ပေါ်စေခြင်း။
- အင်းဆက်နှင့် ပိုးကောင်ကိုက် ဒဏ်ရာများအား ကုသနိုင်ခြင်း။
- မျက်စိ အတွင်းတိမ်ကို ကုသနိုင်ခြင်း။
- ဆီးချိုရောဂါ ကုသပေးခြင်း။
- အဆစ်ရောင် ရောဂါများအား ကုသပေးခြင်း။
- သွားကိုက် ရောဂါအား ပျောက်ကင်းစေခြင်း။
- ဝက်ခြံ ပျောက်ကင်းစေခြင်း။
- ကိုယ်ခံအား တိုးစေခြင်း။
Ref: medic-facts
Credit: အောင်ခမ်း (ရိုးရာလေး)