ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက်ကြပါတယ်။

ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ်တကူကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီးကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့အတွက် အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။

  • သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
  • ကိုလက်စ်ထရော လျော့ချပေးခြင်း။
  • သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
  • လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
  • အအေးမိ အဖျား ပျောက်ကင်းစေခြင်း။

  • အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
  • အဆုတ်နှင့် ဆက်စပ် ရောဂါကို ပျောက်ကင်းစေခြင်း။
  • ပြည်တည်နာကို ကျက်စေခြင်း။
  • ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများအား ပျောက်ကင်းစေခြင်း။
  • ဝမ်းတွင်း အစာချေဖြတ်မှု လုပ်ငန်းအား မြန်ဆန်စေခြင်း။

  • ကင်ဆာ ရောဂါ အများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။
  • ဓာတုဆေး အဆိပ်တို့ကို ပြေစေခြင်း။
  • သွေးမခဲစေရန် တားဆီး ကာကွယ်ပေးခြင်း။
  • အစား စားချင်စိတ် ဖြစ်ပေါ်စေခြင်း။
  • အင်းဆက်နှင့် ပိုးကောင်ကိုက် ဒဏ်ရာများအား ကုသနိုင်ခြင်း။

  • မျက်စိ အတွင်းတိမ်ကို ကုသနိုင်ခြင်း။
  • ဆီးချိုရောဂါ ကုသပေးခြင်း။
  • အဆစ်ရောင် ရောဂါများအား ကုသပေးခြင်း။
  • သွားကိုက် ရောဂါအား ပျောက်ကင်းစေခြင်း။
  • ဝက်ခြံ ပျောက်ကင်းစေခြင်း။
  • ကိုယ်ခံအား တိုးစေခြင်း။

Ref: medic-facts

Credit: အောင်ခမ်း (ရိုးရာလေး)