မာလကာသီးမှာ Antioxidants၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ် နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်နေပါတယ်။

သွေးအတွင်း သကြားဓာတ်ကို လျော့ချပေး

မာလကာ အရွက်က သွေးအတွင်း သကြားဓာတ်ကို လျော့ချပေးနိုင်ပါတယ်။

မာလကာ အရွက်ကို ရေနွေးနှင့်နှပ်ကာ သောက်သည့် လူ အယောက် ၂၀ကို ထမင်းစားပြီးအချိန်မှာ လေ့လာကြည့်ရာမှာ ခါတိုင်းသည့် သွေးအတွင်း အချိုဓာတ် ၁၀ ရာခိုင်နှုန်းလျော့ကျနေတာ တွေ့ရပါတယ်။

နှလုံးကျန်းမာရေးကို အားကောင်းစေ

မာလကာသီးမှာ ဗီတာမင်နှင့် Antioxidants ဓာတ်တွေ ပါဝင်တာကြောင့် နှလုံး ကျန်းမာရေးကို အားကောင်းစေပါတယ်။

ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တွေကလည်း နှလုံးလုပ်ဆောင်ချက်များကို ထောက်ပံ့ပေးပါတယ်။

သွေးအတွင်း ကိုလက်စထရောကိုလည်း လျော့ချပေးပါတယ်။

ကိုယ်အလေးချိန်ကို လျော့ချပေး

မာလကာသီး ၁ လုံးမှာ အမျှင်ဓာတ်က ၁၂ ရာခိုင်နှုန်းပါဝင်ပြီး ကယ်လိုရီက ၃၇ လောက်ပါဝင်ပါတယ်။

Low Calorie Snacks တွေလိုဘဲ၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်များ ကြွယ်ဝပြီး ကယ်လိုရီနည်းသည့် ဈေးသက်သာသည့် Low Calorie Snacks အဖြစ် စားသုံးနိုင်ပါတယ်။