[Unicode]

မြင်းခွာရက်ကို သုပ်စား ချက်စား အမျိုးမျိုး လုပ်စားကြပါတယ်။ မြင်းခွာရွက်ကိုတော့ မြန်မာတိုင်း သိကြပါတယ်။ မြေကြီးမှာ ကပ်ပေါက်ပါတယ်။ မြင်းခွာရွက်လို့ပြောလိုက်တာနဲ့ မျက်လုံးအားကောင်းစေတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါတင်မကသေးပါဘူး။ တခြားအကျိုးကျေးဇူးတွေများစွာရှိနေပါသေးတယ်နော်။

ပါဝင်တဲ့ အာဟာရ

de-nouvelles-ressources-moleculaires-pour-l-etude-d-une-plante-medicinale-centella-asiatica

သံဓါတ် ကယ်လ်ဆီယမ်၊ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်ပြီး သတ္တုဓါတ်များစွာပါဝင်ပါတယ်။

အကျိုးကျေးဇူး

၁။ မှတ်ဉာဏ်တိုးတက်စေတယ်

Naturo-420x252

မြင်းခွာရွက်ကို ပုံမှန်စားပေးမယ်ဆိုရင် ကိုယ်ခံစားစနစ် မြှင့်တင်ပေးနိုင်ပြီး မှတ်ဉာဏ်စွမ်းရည်တိုးတက်စေပါတယ်။ မြင်းခွာရွက်ကို နေပူမှာမဟုတ်ဘဲ နေရိပ်တဲ့နေရာမှာ အခြောက်ခံ အမှုတ်ကြိတ်ပြီး လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ပျားရည်နဲ့ ရောသောက်ပေးရင် မှတ်ဉာဏ်အတွက်ကောင်းပါတယ်။

၂။ အဖျားပျောက်စေတယ်

မြင်းခွာရွက်ကို စားပေးရင် ကိုယ်ခံအားစနစ်ကောင်မွန်စေပြီး အဖျားလည်း သက်သာစေပါတယ်။ ဖျားနေတဲ့ချိန်မှာ မြင်းခွာရွက်ကို ဟင်းရည်ချက်သောက်ရင် အဖျားပျောက်မြန်ပါတယ်။

၃။ အရေပြားရောဂါကာကွယ်ပေးတယ်။

1483401601794

မြင်းခွာရွက်ကို ပုံမှန်စားပေးရင် အရေပြားရောဂါ ကြိုပြီး ကာကွယ်ပေးရာရောက်ပါတယ်။

၄။ အဆိပ်အတောက်ကင်းစင်စေတယ်

ဗီတာမင် နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါဝင်ပြီး ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကိ ုဖယ်ရှားပေးပါတယ်။ လေဖြတ်တာ၊ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေါ်နိုင်ပါတယ်။

၅။ အမြင်အာရုံတိုးတက်ကောင်းမွန်စေပြီး ရောင်ရမ်းမှုကိုသက်သာစေတယ်

မြင်းခွာရက်ကိုပုံမှန်စားပေးရင် အမြင်အာရုံတိုးတက်ကောင်းမွန်စေပြီး မျက်ကွင်းညိုတာ မျက်ကွင်းရောင်တာတွေ့ို သက်သာစေပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။

၆။ ဆီးချို

indian pennywort 2

ဆီးချိုသမားတွေလည်း မြင်းခွာရွက်ကို စားပေးလို့ရပါတယ်နော်။ မြင်းခွာရွက်ဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့ချပေးနိုင်ပါတယ်။

၇။ သွေးအားနည်းခြင်းကို သက်သာစေပါတယ်။

သံဓါတ်ပါဝင်ပြီး သွေးအားနည်းရောဂါဖြစ်တာကို သက်သာစေပါတယ်။ သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပြီး သွေးရောဂါအမျိုးမျိုးအတွက် အထူးသင့်တော်ပါတယ်။

တခြားအကျိုးကျေးဇူးတွေ

မြင်းခွာရွက်ကို ဆီးချုပ် ဝမ်းချုပ်အတွက်လည်း စားသုံးပေးနိုင်သလို ငှက်ဖျားလည်းသက်သာစေပါတယ်။ မျက်စိနာရင် မြင်းခွာရွက်ကို ဂျင်းစိမ်းနဲ့ရောကြိတ်ပြီးစားပေးနိုင်ပါတယ်။ အားအင်လည်းတိုးစေပါတယ်။ တခြားအကျိုးကျေးဇူးတွေလည်းရှိနေပါသေးတယ်။ ဒါ့ကြောင့် မြင်းခွာရွက်ကို စားသုံးပေးသင့်ပါတယ်။

[Zawgyi]

ျမင္းခြာရက္ကို သုပ္စား ခ်က္စား အမ်ိဳးမ်ိဳး လုပ္စားၾကပါတယ္။ ျမင္းခြာရြက္ကိုေတာ့ ျမန္မာတိုင္း သိၾကပါတယ္။ ေျမႀကီးမွာ ကပ္ေပါက္ပါတယ္။ ျမင္းခြာရြက္လုိ႔ေျပာလိုက္တာနဲ႔ မ်က္လံုးအားေကာင္းေစတယ္ဆိုတာ လူတိုင္းသိၾကပါတယ္။ ဒါတင္မကေသးပါဘူး။ တျခားအက်ိဳးေက်းဇူးေတြမ်ားစြာရွိေနပါေသးတယ္ေနာ္။

ပါ၀င္တဲ့ အာဟာရ

de-nouvelles-ressources-moleculaires-pour-l-etude-d-une-plante-medicinale-centella-asiatica

သံဓါတ္ ကယ္လ္ဆီယမ္၊ ဗီတာမင္ A နဲ႔ ဗီတာမင္ C ပါ၀င္ၿပီး သတၱဳဓါတ္မ်ားစြာပါ၀င္ပါတယ္။

အက်ိဳးေက်းဇူး

၁။ မွတ္ဥာဏ္တိုးတက္ေစတယ္

Naturo-420x252

ျမင္းခြာရြက္ကို ပံုမွန္စားေပးမယ္ဆိုရင္ ကိုယ္ခံစားစနစ္ ျမွင့္တင္ေပးႏိုင္ၿပီး မွတ္ဥာဏ္စြမ္းရည္တိုးတက္ေစပါတယ္။ ျမင္းခြာရြက္ကို ေနပူမွာမဟုတ္ဘဲ ေနရိပ္တဲ့ေနရာမွာ အေျခာက္ခံ အမႈတ္ႀကိတ္ၿပီး လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာကို ပ်ားရည္နဲ႔ ေရာေသာက္ေပးရင္ မွတ္ဥာဏ္အတြက္ေကာင္းပါတယ္။

၂။ အဖ်ားေပ်ာက္ေစတယ္

ျမင္းခြာရြက္ကို စားေပးရင္ ကိုယ္ခံအားစနစ္ေကာင္မြန္ေစၿပီး အဖ်ားလည္း သက္သာေစပါတယ္။ ဖ်ားေနတဲ့ခ်ိန္မွာ ျမင္းခြာရြက္ကုိ ဟင္းရည္ခ်က္ေသာက္ရင္ အဖ်ားေပ်ာက္ျမန္ပါတယ္။

၃။ အေရျပားေရာဂါကာကြယ္ေပးတယ္။

1483401601794

ျမင္းခြာရြက္ကို ပံုမွန္စားေပးရင္ အေရျပားေရာဂါ ႀကိဳၿပီး ကာကြယ္ေပးရာေရာက္ပါတယ္။

၄။ အဆိပ္အေတာက္ကင္းစင္ေစတယ္

ဗီတာမင္ နဲ႔ သတၱဳဓါတ္ၾကြယ္၀စြာပါ၀င္ၿပီး ခႏၱာကိုယ္အတြင္းက အဆိပ္အေတာက္ေတြကိ ုဖယ္ရွားေပးပါတယ္။ ေလျဖတ္တာ၊ အာရံုေၾကာဆုိင္ရာ ျပႆနာေတြကို ေျဖရွင္းေပၚႏုိင္ပါတယ္။

၅။ အျမင္အာရံုတိုးတက္ေကာင္းမြန္ေစၿပီး ေရာင္ရမ္းမႈကိုသက္သာေစတယ္

ျမင္းခြာရက္ကိုပံုမွန္စားေပးရင္ အျမင္အာရံုတိုးတက္ေကာင္းမြန္ေစၿပီး မ်က္ကြင္းညိဳတာ မ်က္ကြင္းေရာင္တာေတြ႕ို သက္သာေစပါတယ္။ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစပါတယ္။

၆။ ဆီးခ်ိဳ

indian pennywort 2

ဆီးခ်ိဳသမားေတြလည္း ျမင္းခြာရြက္ကို စားေပးလို႔ရပါတယ္ေနာ္။ ျမင္းခြာရြက္ဟာ ေသြးတြင္းသၾကားဓါတ္ပါ၀င္မႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၇။ ေသြးအားနည္းျခင္းကို သက္သာေစပါတယ္။

သံဓါတ္ပါ၀င္ၿပီး ေသြးအားနည္းေရာဂါျဖစ္တာကို သက္သာေစပါတယ္။ ေသြးလည္ပတ္မႈကိုလည္းေကာင္းမြန္ေစၿပီး ေသြးေရာဂါအမ်ိဳးမ်ိဳးအတြက္ အထူးသင့္ေတာ္ပါတယ္။

တျခားအက်ိဳးေက်းဇူးေတြ

ျမင္းခြာရြက္ကို ဆီးခ်ဳပ္ ၀မ္းခ်ဳပ္အတြက္လည္း စားသံုးေပးႏိုင္သလို ငွက္ဖ်ားလည္းသက္သာေစပါတယ္။ မ်က္စိနာရင္ ျမင္းခြာရြက္ကို ဂ်င္းစိမ္းနဲ႔ေရာႀကိတ္ၿပီးစားေပးႏိုင္ပါတယ္။ အားအင္လည္းတိုးေစပါတယ္။ တျခားအက်ိဳးေက်းဇူးေတြလည္းရွိေနပါေသးတယ္။ ဒါ့ေၾကာင့္ ျမင္းခြာရြက္ကို စားသံုးေပးသင့္ပါတယ္။