စပါးလင်ရေနွေးကြမ်းက တောင်အာရှမှာ နာမည်ကြီးတဲ့ ရေနွေးကြမ်းတစ်မျိုးပါ။

အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ စပါးလင်အပင်တွေပေါက်ရောက်တာများပြီး ရေနွေးကြမ်း၊ ဟင်းချိုနဲ့ ဟင်းလျာတွေမှာထည့်သွင်း အသုံးပြုကြပါတယ်။

ကင်ဆာ

စပါးလင်ရေနွေးကြမ်းမှာ Beta-Carotene ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ Beta-Carotene ဓာတ်က Antioxidant တစ်မျိုးဖြစ်ပြီး ကင်ဆာရောဂါတွေစတင်ဖြစ်ပွားမှုကို ထိန်းချုပ်လျော့ချပေးပါတယ်။

အဲ့ဒီအပြင် မျက်လုံးမှာ တိမ်ဖြစ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

သွေးတိုး

သွေးတိုးကို ကျစေချင်ရင် စပါးလင် ရေနွေးကြမ်းလေးကို သောက်ပေးပါ။ ရေနွေးကြမ်းလုပ်ဖို့အတွက် စပါးလင်အခြောက် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ၂ ဇွန်းလောက်လိုအပ်ပြီး ရေနွေးပွက်ပွက်ဆူနေတဲ့ခွက်ထဲကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြားလောက် ထည့်ထားပါ။ ပြီးရင် စပါးလင်တွေကိုဆယ်ထားပြီး သောက်ပါ။ တစ်နေ့ကို တစ်ခွက်လောက် သောက်ပေးပါ။

ခေါင်းကိုက်

စပါးလင်မှာ Citronella ဓာတ်ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ ညအိပ်မပျော်မှုတွေကို လျော့ပါးသက်သာစေပါတယ်။ Aspirin လိုပါဘဲ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေပါတယ်။

စပါးလင်အနည်းငယ်ကို ရေထဲထည့်လိုက်ရုံနဲ့ ရရှိတဲ့ အနံ့ကလည်း ခေါင်းကိုက်တာကို သက်သာစေပါတယ်။

စပါးလင် ရေနွေးကြမ်း ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

စပါးလင် ချောင်းများ

ရေ ၁ ခွက်စာ

သကြား သို့ ပျားရည်

ရေစစ်ခွက်

ပြုလုပ်နည်း

စပါးလင်ရဲ့ အပေါ်အရွက်တွေကို ဖယ်လိုက်ပါ။ အပေါ်အရွက်တွေက ကြမ်းပြီး ခါးပါတယ်။

ရေကို ဆူအောင် တည်ပြီး စပါးလင်အရွက်တွေကို ထည့်ထားပါ။

ရေကို ဖြည်းဖြည်းချင်း မိနစ် ၂၀ လောက်ကြာအောင် တည်ပါ။ အနံ့လေး မွှေးလာရင် သကြား သို့မဟုတ် ပျားရည်ထည့်ပါ။ နွားနို့ အနည်းငယ်ထည့်ချင်လည်းရပါတယ်။ မီးဖိုပေါ်ကချလိုက်ပြီး ခွက်ထဲကိုထည့်ကာ ပူနေတုန်း သောက်ပါ။ ရေခဲသေတ္တာထဲထည့်ပြီး စပါးလင် အအေးအနေနဲ့လည်း သောက်လို့ရပါတယ်။