သင်္ဘောရွက်မှာ Phytonutrients ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အားကောင်းတဲ့ Antioxidants ဓာတ်တွေပါဝင်ပါတယ်။
သင်္ဘောရွက်ကို ကျိုပြီးသောက်ရင် ဒီလို ဓာတ်တွေအများကြီးရရှိပါတယ်။ ရေပွက်ပွက်ဆူတဲ့အထဲကို သင်္ဘောရွက် အနည်းငယ်ထည့်ပြီး အိုးထဲက ရေတစ်ဝက်လောက် ခမ်းသွားတဲ့အထိ တည်လိုက်ပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး အရည်ကို ချက်ခြင်းသောက်တာ သို့မဟုတ် သိမ်းထားပြီးမှ သောက်လို့ရပါတယ်။
ကျန်းမာရေး အကျိုးကျေးဇူး
အစာမကြဖြစ်ခြင်း
Source: www.findhomeremedy.com
အစာအိမ် အချဉ်ရည်အပေါ်ဆန်ခြင်း (Heartburn) ၊ အစာအိမ် နာခြင်းစသည့် အစာအိမ်ပိုင်းဆိုင်ရာ ပြဿနာတွေကို သင်္ဘောရွက်နဲ့ ကူညီဖြေရှင်းလို့ရပါတယ်။
သင်္ဘောရွက်တွေမှာရှိတဲ့ အင်ဇိုင်းဓာတ်တွေက ပရိုတင်းနဲ့ ကစီဓာတ်တွေ ချေဖျက်မှုကို ကူညီပေးပါတယ်။
အစာအိမ်အတွင်းသားတွေရဲ့ ရောင်ရမ်းမှုကို လျော့ချပေးပြီး ဘက်တီးရီးယားတွေကို ဖျက်ဆီးပေးပါတယ်။ တစ်နေ့ကို သင်္ဘောရွက် ရေနွေးကြမ်း ၂ ကြိမ်ကနေ ၃ ကြိမ်စားပေးပါ။
ကင်ဆာ
Source: www.findhomeremedy.com
သင်္ဘောရွက်မှာ အားကောင်းတဲ့ Antioxidants ဓာတ်တွေပါဝင်တာကြောင့် ကင်ဆာလိုမျိုး ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အကျိတ်ကြီးထွားမှုကနေ ဖြစ်လာတဲ့ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ စသည့် ကင်ဆာတို့ကို သင်္ဘောရွက် ရေနွေးကြမ်းကိုသောက်သုံးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။
ဝက်ခြံ
Source: www.findhomeremedy.com
သင်္ဘောရွက်ကို ကြိတ်ပြီးရလာတဲ့ အနှစ်ကို ရေအနည်းငယ်နဲ့ စပ်ကာ ဝက်ခြံဖြစ်တဲ့နေရာမှာ လိမ်းပေးပြီး ခြောက်အောင်ထားလိုက်ပါ။ ပြီးရင် ရေးဆေးချလိုက်ပါ။ ဒီလိုမျိုး ပုံမှန်လိမ်းပေးရင် ဝက်ခြံပျောက်သွားပါလိမ့်မယ်။