ပုစွန်ထဲမှာ ဗီတာမင် အေ၊ ဗီတာမင် ဒီ၊ ဗီတာမင် B12၊ ကယ်လ်စီယမ်ဓာတ်၊ ပရိုတင်းဓာတ် စတဲ့ ဗီတာမင်၊ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုကဲ့သို့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ပုစွန်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင်တော့ ခံစားရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ မရေမတွက်နိုင်အောင် များပြားလှပါတယ်။

ထိုကျန်းမာရေးအကျိုးကျေးဇူးတွေကတော့…

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

Petai

ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေထဲမှာ နှလုံးကလည်း အရေးကြီးဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့နှလုံးက ကျန်းမာနေမှသာ သင်လည်း ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

အခြားပင်လယ်စာတွေလိုပဲ ပုစွန်ထဲမှာ အိုမီဂါသရီး ဖက်တိအက်စစ်ပါဝင်ပါတယ်။ ထိုအက်စစ်ဓာတ်များက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးရောဂါမခံစားရအောင် ကာကွယ်ပေးပါတယ်။

အရိုးအဆစ်များ သန်မာကြံ့ခိုင်အောင် ကူညီပေးခြင်း

အရိုးအဆစ်များ သန်မာဖို့အတွက် အလိုအပ်ဆုံးဓာတ်ကတော့ ကယ်လ်စီယမ်ဓာတ်ပဲဖြစ်ပါတယ်။ တကယ်လို့ သင်က အရိုးအဆစ်တွေလည်း သန်မာချင်တယ်၊ ကြံ့ခိုင်တဲ့ သွားများကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကယ်လ်စီယမ်ဓာတ် မြောက်မြားစွာလိုအပ်ပါတယ်။ ဒီလို လိုအပ်တဲ့ကယ်လ်စီယမ်ဓာတ်များကို ပုစွန်ထံမှ ရရှိနိုင်ပါတယ်။

ကြွက်သားများ သန်မာစေခြင်း

ပုဇွန်ကြော် (Tempura Prawn)

တစ်နေ့တာလုံး သွက်လက်ဖျတ်လတ်စွာ သွားလာလှုပ်ရှားနိုင်ဖို့အတွက် ကြွက်သားများ သန်မာနေဖို့လိုအပ်ပါတယ်။ ကြွက်သားများ ဖွံ့ဖြိုးသန်မာဖို့အတွက် ပရိုတင်းဓာတ်လိုအပ်ပါတယ်။ ပုစွန်ထဲမှာ ပရိုတင်းဓာတ် မြောက်မြားစွာပါဝင်တာကြောင့် သင့်ကြွက်သားများ သန်မာဖွံ့ဖြိုးဖို့အတွက် ကူညီပေးမှာပဲဖြစ်ပါတယ်။

ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

Source: momjunction.com

ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါကတော့ ကင်ဆာရောဂါပဲဖြစ်ပါတယ်။ ကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးရသူတွေကလည်း မရေမတွက်နိုင်အောင် များပြားပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးအစွမ်းထက်တယ်ဆိုတဲ့စကားအတိုင်း ရောဂါမဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားမှသာလျှင် ကင်ဆာရောဂါ လုံးဝမခံစားရမှာပဲဖြစ်ပါတယ်။

ပုစွန်ထဲမှာပါဝင်တဲ့ Selenium ဓာတ်က ကင်ဆာဆဲလ်များ ပြန့်ပွားနှုန်းကို ကာကွယ်ပေးတာကြောင့် ပုစွန်စားသုံးခြင်းက ကင်ဆာရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။

Source: datandoor.net