ဖရုံစေ့လေးတွေက သေးတယ်ဆိုလို့ အထင်တော့ မသေးလိုက်ပါနဲ့။ သူ့မှာ အာဟာရဓာတ်များ ပေါကြွယ်ဝစွာပါဝင်ပါတယ်။

ဖရုံစေ့ကို ပမာဏနည်းနည်းလောက်သာ စားပေးမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ်များ၊ မဂ္ဂနီစီယမ်နှင့် ဇင့်ဓာတ်များ ပါဝင်ပါတယ်။

အာဟာရဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဖရုံစေ့ကို မှန်မှန်စားသုံးပေးခြင်းကြောင့် ခံစားရမယ့် အကျိုးကျေးဇူးတွေကတော့…

ရောင်ရမ်းမှုကို လျော့ချပေးခြင်း

Source: bbcgoodfood.com

ရွှေဖရုံစေ့မှာ Carotenoids နဲ့ ဗီတာမင် အီးဓာတ်များစတဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။

ထို Antioxidants များက ဆဲလ်များကို အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို လျော့ချပေးပါတယ်။

ကင်ဆာရောဂါအချို့မဖြစ်ပွားအောင် ကာကွယ်ပေးခြင်း

Source: draxe.com

ရွှေဖရုံသီးကို မှန်မှန်စားသုံးပေးမယ်ဆိုရင် အစာအိမ်ကင်ဆာ၊ ရင်သား ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အူမကြီးကင်ဆာတို့ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်း

သွေးပေါင်ချိန် မှန်ကန်အောင် ထိန်းညှိပေးခြင်း၊ နှလုံးရောဂါ မခံစားရအောင် ကာကွယ်ပေးခြင်း၊ အရိုးများ ကျန်းမာကြံ့ခိုင်အောင် ကူညီပေးဖို့နဲ့ သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးနိုင်ဖို့ရန်အတွက် မဂ္ဂနီစီယမ်ဓာတ်ကို မရှိမဖြစ်လိုအပ်ပါတယ်။

ဒါ့ကြောင့် မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဖရုံစေ့ကို မှန်မှန်စားသုံးသင့်ပါတယ်။

နှလုံးအားကောင်းအောင် ကူညီပေးခြင်း

သင့် ခန္ဓာကိုယ်ထဲမှာ သွေးပေါင်ချိန်များ မှန်ကန်ပြီး ကိုလက်စတောပမာဏများ ညီညွှတ်မျှတစွာ ရှိမှသာ နှလုံးကျန်းမာရေးအတွက် စိတ်ချရမှာပဲဖြစ်ပါတယ်။ ဖရုံစေ့ထဲမှာ Antioxidants များ၊ မဂ္ဂနီစီယမ်ဓာတ်၊ ဇင့်ဓာတ်နှင့် ဖက်တိအက်ဆစ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးကို တိုးမြှင့်ပေးမှာပါ။

အစာအိမ်ကျန်းမာရေးအတွက် စိတ်ပူစရာမလိုခြင်း

Source: 1075koolfm.com

ဖရုံစေ့မှာ အမျှင်ဓာတ်များ မြင့်မားစွာပါဝင်ပါတယ်။ ထိုအမျှင်ဓာတ်များက အစာချေစနစ်ကောင်းမွန်အောင် ကူညီပေးတဲ့အပြင် ဆီးချိုရောဂါနှင့် အဝလွန်ခြင်းတို့ မဖြစ်ပွားအောင်ပါ ကူညီပေးပါတယ်။

Source: Healthline.com