ကြက်မောက်သီးက အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ အသီးတစ်မျိုးဖြစ်ပြီး၊ လိုင်ချီးသီး၊ တောကြက်မောက်သီး စတဲ့ အသီးအုပ်စုထဲမှာ ပါဝင်ပါတယ်။

ဗီတာမင်စီ ကြွယ်ဝတဲ့ ကြက်မောက်သီးကို စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ယခုဆက်ဖော်ပြပေးမယ့် ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ရရှိပိုင်ဆိုင်နိုင်ပါသေးတယ်။

ကိုယ်အလေးချိန် ကျစေခြင်း

ကြက်မောက်သီး စားသုံးခြင်းကြောင့် ကိုယ်အလေးချိန် ကျစေတယ်ဆိုတဲ့ တိကျတဲ့သုတေသနစမ်းသပ်ချက်တော့ မရှိသေးပါဘူး။ ဒါပေမဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့အသီးများက အစား အလွန်အကျွံ မစားသုံးမိအောင် ကူညီပေးတဲ့အတွက်ကြောင့် ကိုယ်အလေးချိန် ကျစေတယ်လို့ ယူဆထားကြပါတယ်။

ကိုလက်စတောပမာဏကို လျော့ချပေးခြင်း

Source: Freepik.com

ကိုလက်စတော မြင့်မားနေခြင်း၊ သွေးတိုးရောဂါ ခံစားရခြင်းတို့ရဲ့နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နှလုံးကို ပျက်စီးစေပြီး နှလုံးရောဂါ ခံစားရစေပါတယ်။ ကြက်မောက်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်များက ကိုလက်စတောပမာဏကို လျှော့ချပေးပြီး သွေးတိုးရောဂါ၊ နှလုံးရောဂါ မခံစားရအောင် ကာကွယ်တားဆီးပေးပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ကြက်မောက်သီးထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အူလမ်းကြောင်းကျန်းမာရေးအတွက် ကူညီပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကဲ့သို့ အစာချေစနစ်နဲ့ သက်ဆိုင်တဲ့ ရောဂါများ မခံစားရအောင် တားဆီးပေးပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

အရိုးနှင့် သွားများကို သန်မာစေခြင်း

Source: Freepik.com

ကြက်မောက်သီးထဲမှာ အရိုးနှင့် သွားများ ကြံ့ခိုင်စေဖို့အတွက် အဓိကကူညီပေးတဲ့ ဖော့စဖရပ်စ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် သူ့ထဲမှာ ပါတဲ့ ဗီတာမင်စီကလည်း အရိုးကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးပါသေးတယ်။

ကိုယ်ခံစွမ်းအား မြှင့်တင်ပေးခြင်း

Source: Freepik.com

ကြက်မောက်သီးမှာ သဘာဝ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ပြင်ပမှ ရောဂါပိုးမွှားများ ခန္ဓာကိုယ်ထဲ ဝင်ရောက်မလာအောင် တားဆီးပေးပါတယ်။

ဦးရေပြားနဲ့ ဆံကေသာကို ကျန်းမာသန်စွမ်းအောင် ကူညီပေးခြင်း

Source: Freepik.com

ကြက်မောက်သီးထဲမှာ ပါဝင်တဲ့ ကော့ပါးဓာတ်က ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဆံပင်ဖြူလာခြင်းကိုလည်း နှေးကွေးစေပါတယ်။

ကြက်မောက်သီးထဲမှာ ပရိုတင်းဓာတ်လည်း ပါတဲ့အတွက် ဆံပင်ကို အရင်းကနေ အဖျားအထိ သန်စွမ်းစေပြီး ဗီတာမင်စီကတော့ ဆံကေသာတောက်ပြောင်ဖို့အတွက် ကူညီပေးပါတယ်။

ကြက်မောက်သီးနဲ့ ဆံပင်ပေါင်းချင်တယ်ဆိုရင်တော့ ကြက်မောက်သီးအရည်ကို ဆံကေသာပေါ်မှာ သုတ်လိမ်းပြီး ၁၅ မိနစ်ခန့် ပေါင်းထားပါ။ ပြီးရင်တော့ မိမိလျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ရုံပါပဲ။

Source: Stylecraze.com