သင့်မှာ ခဏခဏ ခေါင်းကိုင်တာ၊ ကိုယ်အလေးချိန်တက်တာ၊ ဆံပင်ကျွတ်တာနဲ့ အရေပြားဆိုင်ရာ တခြားပြဿနာတွေရှိနေရင် သင့်အနေနဲ့ လျစ်လျူမရှု့သင့်ပါဘူး။ ပေါက်ပေါက်စုပ်တွေကို စားမယ့်အစား ဆဲလ်မွန်ငါးကို အစားထိုး စားသုံးဖို့ အကြံပြုချင်ပါတယ်။ ဆဲလ်မွန်ငါးဟာ ကျန်းမာရေးစေတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်နေတဲ့ အစားအစာဖြစ်ပါတယ်။

Salmon-Nutrition-Facts

အမေရိကန် နှလုံးကျန်းမာရေးအသင်းက ဆဲလ်မွန်ငါးကို တစ်ပတ် ၂ ကြိမ်အနည်းဆုံး စားသင့်တယ်လို့ဆိုပါတယ်။ ဆဲလ်မွန်ငါးမှာ Omega 3 Fatty Acids, ပရိုတင်း, ဗီတာမင် နဲ့ သတ္တုဓာတ်ကြွယ်ဝတာမို့ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်မွန်ငါး စားသင့်တဲ့ အဓိက အကြောင်းရင်းတွေကို မျှဝေပေးပါမယ်။

1.-Roasted-Salmon-With-Broccoli-And-Sweet-Potato

၁။ နှလုံးအတွက်ကောင်းမွန်ခြင်း

1.-Good-For-The-Heart

Omega 3 Fatty Acids ပါဝင်မှု မြင့်မားတဲ့ ဆဲလ်မွန်ငါးဟာ နှလုံးသွေးကြော ရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

၂။ ကိုယ်အလေးချိန် လျှော့ချဖို့ ကူညီပေးခြင်း

2.-Aids-Weight-Loss

ဆဲလ်မွန်ငါးဟာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အဆီပါဝင်လို့ ကိုယ်အလေးချိန် လျှော့ချဖို့ အကူအညီဖြစ်စေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးနိုင်ပါတယ်။

၃။ ဦးနှောက်စွမ်းဆောင်ရည်

4.-Boosts-Brain-Performance

Omega 3 Fatty ဟာ ဥာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်စွမ်းဆောင်ရည်အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ကလေးငယ်တွေအတွက်ရော အသက်ကြီးတဲ့ အမျိုးသမီးတွေအတွက်ရော ဦးနှောက်စါမ်းဆော်ငရည် ကောင်းမွန်စေပါတယ်။

၎။ ကင်ဆာ တိုက်ဖျက်ပေးနိုင်ခြင်း

5.-Fights-Cancer

ကင်ဆာဟာ ခန္ဓာကိုယ်အတွင်း Omega 3 နဲ့ Omega 6 Fatty Acids ပါဝင်မှု မညီမျှလို့ ဖြစ်ရတာပါ။ သင်စားနေတဲ့ အစားအစာထဲမှာ ဆဲလ်မွန်ငး ထည့်စားမယ်ဆိုရင် ကင်ဆာဖြစ်ပွားမှုကို ကြိုတင်ကာကယ်ပေးနိုင်ပါတယ်။

၅။ ဗီတာမင်D နဲ့ ပရိုတင်းကြွယ်ဝတယ်

7.-Excellent-Source-Of-Protein

ဗီတာမင် D နဲ့ ပရိုတင်းဓာတ်ကြွယ်ဝလို့ အရိုးကို သန်မာစေသလို နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကြွက်သားကိုလည်း သန်မာစေပြီး ဆံပင်ကျွတ်ခြင်းကို သက်သောစသလို အသားအရေနဲ့ ဆံကေသာအတွက်လည်း ကောင်းမွန်ပါတယ်။

၆။ စိတ်ခံစားချက်ကို ကောင်းမွန်စေခြင်း

15.-Helps-Improve-Mood

ဆဲလ်မွန်ငါးကို စားပေးတာဟာ စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ ကျန်းမာရေးကို ထောက်ပံ့ပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုခံစားနေရတဲ့ သူတွေအတွက်လည်း ဆဲလ်မွန်ငါးကို စားပေးတာဟာ ကောင်းမွန်ပါတယ်။