ဟင်းခတ်အမွှေးအကြိုင်တွေ အသုံးပြုတာကြောင့် ဟင်းရဲ့အရသာကောင်းမွန်ပြီး ဟင်းအပြင်အဆင် လှပရုံသာမက သင့်အတွက် ကျန်းမာရေးကောင်းစေတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ရရှိနိုင်ပါတယ်။ Phytochemicals နဲ့ Antioxidant တွေလည်း ပါဝင်တဲ့အတွက် ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။ ဟင်းခတ်အမွှေးအကြိုင် အလိုက်ပါဝင်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပျဉ်းတော်သိမ်ရွက်

jacba

ဗီတာမင် A နဲ့ B၊ သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေများစွာ ပါဝင်ပါတယ်။

ပင်စိမ်းရွက်

Lemon Basil

ကယ်လ်စီယမ်၊ ဗီတာမင် A နဲ့ ဗီတာမင် C များစွာပါဝင်ပါတယ်။ ပင်စိမ်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိတွေဟာ ပန်းသီး၊ လိမ္မောသီးနဲ့ ဘလူးဘယ်ရီသီးထက် ပိုမို အစွမ်းထက်ပါတယ်

ဂျင်း

Ginger Root

ဂျင်းဟာ ဘက်တီးရီးယားကို တွန်းလှန်နိုင်ပါတယ်။ ရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့အစွမ်းနဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အစွမ်းတွေ ရှိပါတယ်။ ချင်းဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရနိုင်တဲ့ ဦးနှောက်သွေးကြောတွင်း ရောင်ရမ်းမှုဖြစ်စေတဲ့ Prostagladin ရဲ့ အကျိုးသက်ရောက်မှုကို ပိတ်ပင်ပေးပါတယ်။ ဒါကြောင့် Migraine (ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ) စတင်ခံစားရတာနဲ့ ချင်းဖျော်ရည်တစ်ခွက် သောက်လိုက်ရင် ဝေဒနာသက်သာ သွားနိုင်ပါတယ်။

နနွင်း

turmeric

နနွင်းမှာ ဘက်တီးရီးယားကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိနဲ့ ဓာတ်တိုးဆန့်ကျင့်နိုင်တဲ့ အစွမ်းသတ္တိတွေ ပါရှိပါတယ်။ အဆစ်ရောင်ရမ်းမှုကိုလည်း ပိတ်ပင်နိုင်တဲ့အတွက် အဆစ်ရောင်ရောဂါရှိသူတွေအတွက် အသုံးဝင်ပါတယ်။

ကြက်သွန်ဖြူ

garlic1

မဂ္ဂနီးစ်၊ ဗီတာမင် B6 နဲ့ ဗီတာမင် C များစွာ ပါဝင်ပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ အနံ့ထွက်စေတဲ့ Allicin ဒြပ်ပေါင်းဟာ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ အပါအဝင် ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိပါရှိသည်။ အအေးမိရောဂါနဲ့ တုပ်ကွေးရောဂါရှိသူတွေ စားသင့်ပါတယ်။

ပူစီနံ

mint-leave

ဗီတာမင် A နဲ့ ဗီတာမင် C တွေများစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင့်ပစ္စည်းအဖြစ် ကင်ဆာကိုတွန်းလှန်နိုင်တဲ့ ပစ္စည်းအဖြစ် အသုံးဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ ကယ်လ်စီယမ်တွေလည်း များစွာပါဝင်ပါတယ်။

နံနံပင်

myanmar-spice

နံနံပင်မှာ ဗီတာမင် A, B, C နဲ့ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်တွေအပြင် ဓာတ်တိုးဆန့်ကျင်စွမ်းအားတွေအတွက် Phytochemicals တွေ များစွာ ပါဝင်ပါတယ်။ ဝမ်းဗိုက်မကောင်းသူများအတွက် အထူးကောင်းမွန်ပါတယ်။

ကြက်သွန်မြိတ်

Onion-Row

နံနံပင်နဲ့ အာဟာရပါဝင်မှု တူညီတဲ့အပြင် ကျန်းမာရေးအစွမ်းသတ္တိလည်း တူညီပါတယ်။ ကြက်သွန်နီ မိသားစုဝင်ဖြစ်တဲ့အတွက် မှိုပိုးကို တွန်းလှန်နိုင်တဲ့ ဆာလဖာဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။