ပူပူစပ်စပ်အစားအစာတွေက လူတွေကို တက်ကြွသွားစေရုံသာမက တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

ကယ်လိုရီတွေကို ပိုပြီး လောင်ကျွမ်းနိုင်

စပ်တဲ့အစားအစာတွေက တခြားအစားအစာတွေထက် ကယ်လိုရီပိုပြီး လောင်ကျွမ်းနိုင်ပါတယ်။ စပ်တဲ့အစားအစာတွေက ကယ်လိုရီလောင်ကျွမ်းနိုင်အား ၈ ရာခိုင်နှုန်းလောက် တခြား အစားအစာတွေထက်ပိုပါတယ်။ ကိုယ်အလေးချိန်ကျဆင်းအောင် ကူညီပေးပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းမွန်

စပ်တဲ့အစားအစာတွေက နှလုံးရုတ်တရပ်ရပ်တန့်မှု အန္တရာယ်ကို လျော့ချပေးနိုင်ပါတယ်။ ငရုတ်သီးတို့လို စပ်တဲ့အစားအစာတွေက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို လျော့ချပေးပါတယ်။ အဲ့ဒီအပြင် Capsaicin ဓာတ်က ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းနေတာတွေကိုလျော့ချပေးနိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်

စပ်တဲ့အစားအစာတွေမှာ Capsaicin ဓာတ်ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ အားကောင်းပါတယ်။ အဲ့ဒီအပြင် စပ်တဲ့ အစားအစာတွေက လူကီးမီးနီးယား ဆဲလ်တွေကို ဖျက်စီးနိုင်ပြီး အကြိတ်တွေကိုလည်း ကာကွယ်တားဆီးပေးပါတယ်။

သွေးလည်ပတ်မှုကို ကောင်းစေ

စပ်တဲ့အစားအစာတွေက သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးတိုးကျစေပါတယ်။ ခန္ဓာကိုယ်ရဲ့အပူချိန်ကိုမြင့်တင်ပေးပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။