နေကြာစေ့လေးတွေက သေးပေမယ့် အာဟာရဓာတ်တွေအများကြီးပါဝင်နေပါတယ်။ ဗီတာမင် E ၊ ဗီတာမင် B6 ၊ ဗီတာမင် B1 ၊ ဗီတာမင် B3 ၊ မဂ္ဂနီဆီယမ်၊ Selenium ၊ Phosphorus၊ မဂ္ဂနီဆီယမ်၊ ကော့ပါး နဲ့ ဖောလစ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။

Fatty အက်ဆစ်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကိုလည်းအားကောင်းစေပါတယ်။ အဲ့ဒီအပြင် သွိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်တွေ ကိုလည်း အားကောင်းစေပါတယ်။

သွိုင်းရွိုက်လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေး

နေကြာစေ့မှာ သွိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ လည်ပင်းကြီးရောဂါတွေထဲမှာ အဖြစ်များတာက Hypothyroidism နဲ့ Hyperthyroidism တို့ဖြစ်ပြီး Selenium ဓာတ်မလုံလောက်မှုကြောင့်ဖြစ်တာများပါတယ်။ နေကြာစေ့မှာ Selenium ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် လည်ပင်းကြီးရောဂါဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်း ထိန်းညှိပေးပါတယ်။

နှလုံးရောဂါကိုဖြစ်ပွားနိုင်ချေကို လျော့ချပေး

ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ၊ လေဖြတ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောကိုလည်းလျော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါကိုလည်း ကာကွယ်ပေး

နေကြာစေ့မှာ Antioxidants၊ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် ကင်ဆာဖြစ်ပွားမှုကိုဖြစ်စေတဲ့ Oxidative Stress ကို လျော့နည်းစေပါတယ်။

အရိုးပွမှုကိုလည်း တိုက်ဖျက်ပေးနိုင်

မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးပွမှုဖြစ်ပွားမှုကိုလည်းလျော့ချပေးနိုင်ပါတယ်။ အဲ့ဒီအပြင် မဂ္ဂနီဆီယမ်ဓာတ်က ခေါင်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုစတာတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။

အသားအရေကျန်းမာရေးအတွက် ကောင်းမွန်

နေကြာစေ့မှာ ဗီတာမင် E ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး၊ အရေးအကြောင်းတွေ ရန်ကနေ ကာကွယ် ပေးပါတယ်။ အရွယ်တင်နုပျိုစေပါတယ်။