ပန်းသီး

ပန်းသီးမှာ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ် နဲ့ ဗီတာမင် K တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီအပြင် ဗီတာမင် B 19 လည်းပါဝင်ပါတယ်။

ပန်းသီးမှာပါဝင်တဲ့ Antioxidants ဓာတ်တွေက နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး Type 2 Diabetes ကို လျော့ကျစေပါတယ်။ ကင်ဆာနဲ့ အယ်ဇိုင်းမားရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ပန်းသီးမှာ Pectin ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် အူလမ်းကြောင်းထဲမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေကို ပေါက်ပွားတဲ့နေရာမှာ ကူညီပေးပြီး အစာခြေစနစ်ကို ထောက်ပံ့ပေးကာ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

သရက်သီး

သရက်သီးမှာ ဗီတာမင် စီ ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီအပြင် Antioxidant, ရောင်ရမ်းတာတွေကို သက်သာစေတဲ့ ဓာတ်၊ အမျှင်ဓာတ် တို့ ပါဝင်တာကြောင့် ရောဂါပိုးမွှားတွေကို ကာကွယ်ပေးနိုင်ပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ဗီတာမင် စီ၊ Manganese၊ Folate နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

တခြား အသီးအနှံတွေလိုဘဲ Antioxidants ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

ဒူးရင်းသီး

ကြိုက်တဲ့သူတွေကတော့ အသီးများရဲ့ဘုရင်လို့တောင် တင်စားကြပါတယ်။ ဒူးရင်းသီး 237 ml မှာ ဗီတာမင်စီ ၈၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ အဲ့ဒီအပြင် Manganese ၊ ဗီတာမင် B ၊ ကော့ပါး၊ Folate နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွ ကြွယ်ဝစွာပါဝင်ပါတယ်။

ဖရဲသီး

ဖရဲသီးမှာ ဗီတာမင် A နဲ့ C တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီအပြင် Antioxidants ဓာတ်၊ Lycopene ဓာတ်၊ Carotenoids နဲ့ Cucurbitacin E တို့ပါဝင်ပါတယ်။

ဒီလို ဓာတ်တွေက ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ Lycopene ဓာတ်က အစာအိမ်စနစ်နဲ့ ပတ်သက်တဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး Cucurbitacin E က အကြိတ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။