ကင်ဆာဆိုတာက ဆဲလ်တွေရဲ့ လုပ်ဆောင်မှုပုံစံ ပြောင်းလဲသွားကာ ခန္ဓာကိုယ်ကို တဖြည်းဖြည်းနဲ့ ဒုက္ခပေးပြီး သေဆုံးနိုင်သည့်ရောဂါဖြစ်ပါတယ်။ ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံက DNA တွေကို ထိခိုက်စေပြီး ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။

ဒါ့ကြောင့် အသက်ရှည်ကျန်းမာပြီး ကင်ဆာရောဂါကာကွယ်နိုင်ဖို့ စားသောက်သင့်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူထဲမှာ  Allyl Sulfur ကွန်ပေါင်းဓာတ်ပါဝင်တာကြောင့် အကြိတ်ဆဲလ်တွေ ကြီးထွားမှုကို လျော့ချပေးပါတယ်။ စိတ်ဖိစီးမှုကြောင့် ဆဲလ်တွေထိခိုက်မှုကို Allyl Sufur က ကာကွယ်ပေးပါတယ်။

အဲ့ဒီအပြင် ကင်ဆာဆဲလ်တွေကို မဖြစ်ပေါ်လာအောင် စတင်ဖြစ်ပေါ်ချိန်မှာဆိုလည်း အားပျော့ ပျောက်ကွယ်သွားအောင် ကူညီပေးပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ Antioxidants၊ အမျှင်ဓာတ်၊ Flavonoids ဓာတ် စတာတွေ ပါဝင်နေပါတယ်။ အစိမ်းရောင် အသီးအရွက်တွေမှာပါဝင်တဲ့ Antioxidants တွေက Free Radical Cells တွေကြောင့် ခန္ဓာကိုယ်အတွင်း ပျက်စီးမှုတွေ၊ ကင်ဆာဆဲလ်တွေ ကြီးထွားမှုတွေကို ကာကွယ်ပေးပါတယ်။

သံပုရာသီး၊ သံပုယိုသီး

သံပုရာသီး၊သံပုယိုသီးတွေမှာ ဗီတာမင် စီဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဒီဓာတ်က ကင်ဆာဆဲလ်တွေ စတင်ဖြစ်ပွားလာမှာကို တားမြစ်ပေးပါတယ်။ သံပုရာသီး၊ သံပုယိုသီးကို နေ့စဉ် ဟင်းချက်ရာမှာ ထည့်သွင်းစားသုံးပေးရင် ဗီတာမင် စီဓာတ်ပြည့်ဝနေကာ အဆုတ်နဲ့ လည်ချောင်းကင်ဆာကို အဓိက ကာကွယ်ပေးနိုင်ပါတယ်။

ကြက်ဥ၊ ဘဲဥ

ကြက်ဥ၊ ဘဲဥတွေမှာ ဗီတာမင် B,D,E နဲ့ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

Selenium ဓာတ်ပါဝင်တာကြောင့် Chemotherapy နည်းဖြင့် ကင်ဆာရောဂါကုသမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျော့ချပေးပါတယ်။ မူးဝေအော့အန်၊ ဆံပင်ကျွတ်၊ ဝမ်းဗိုက်နာတာနဲ့ အားနည်းတာတွေကို လျော့ပါးသက်သာစေပါတယ်။