အသီးဖျော်ရည်သောက်တာဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းတဲ့အကျင့်ဖြစ်ပြီး ကလေးအတွက်လည်း အာဟာရတွေ ပိုရစေပါတယ်။

နေ့စဉ် အသီးဖျော်ရည်တစ်ခွက်ကို သောက်ရင် သင့်ကို အာဟာရတွေ ရရှိပြီး ဗိုက်ပြည့်ရုံတင်ကမဘဲ အသားအရေတွေကိုလည်း ကြည်လင်စေပါတယ်။

ပန်းသီးဖျော်ရည်

မြန်မာနိုင်ငံမှာက ပန်းသီးဖျော်ရည်ကို သိပ်မသောက်ကြပေမယ့် ပန်းသီးမှာက အာဟာရများတွေအများကြီး ပါဝင်ပါတယ်။

ပန်းသီး ၂ လုံး၊ ၃ လုံးကို အခွံခွာပြီး ပွက်ပွက်ဆူအောင် ပြုတ်လိုက်ပြီး အအေးခံလိုက်ပါ။ လှီးပြီး ဖျော်စက်ထဲမှာ ၁ မိနစ်လောက် မွှေလိုက်ပါ။ ဖန်ခွက်ထဲမှာ ထည့်လိုက်ပြီး သံပုရာသီးလေးညှစ်ကာ ကိုယ်ကြိုက်တဲ့အရသာကို ပြင်ပြီး ရေခဲသေတ္တာထဲထည့်လိုက်ပါ။ အေးသွားရင် ထုတ်ပြီးသောက်လို့ရပါပြီ။

စပျစ်သီး ဖျော်ရည်

အစားအသောက်တွေ ပျက်နေရင် စပျစ်သီးဖျော်ရည်သောက်လိုက်ပါ။ စပျစ်သီးဖျော်ရည်က ရင်ချောင်းစေပြီး လျှာမှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေကို နိုးဆွပေးပါတယ်။

စပျစ်သီး ၅၀၀ ဂရမ်ကို ယူပြီး အစေ့ထုတ်ကာ ခြေလိုက်ပါ။ ပြီးရင် ဖျော်စက်ထဲထည့်လိုက်ပြီး ၁ မိနစ်လောက် မွှေလိုက်ပါ။ ဖျော်ရည်ကို ခွက်တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်လိုက်ပါ။ အေးသွားရင် သံပုရာသီးလေးညှစ်ပြီး သောက်လို့ရပြီနော်။

ငှက်ပျောသီးနဲ့ ပျားရည် ဖျော်ရည်

Banana Drink

နေ့လည်ခင်းမှာဆိုရင် ငှက်ပျောသီးကို ပျားရည်နဲ့ရောပြီး ဖျော်သောက်ရင် အကောင်းဆုံးပါဘဲ။ အရသာလည်း ရှိပြီး အာဟာရလည်း ပြည့်ပြည့်ဝဝ ရရှိမှာဖြစ်ပါတယ်။

ငှက်ပျောသီး အမှည့်တစ်လုံး၊ နွားနို့ ဖန်ခွက်တစ်ခွက်ရဲ့ တစ်ဝက်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ဖျော်စက်ထဲမှာထည့်ပြီး ဖျော်လိုက်ပါ။ ပြီးရင် ရေခဲထည့်ပြီး မွှေကာ ဖန်ခွက်ထဲထည့်လိုက်ပါ။ အေးနေချိန်မှာ သောက်လိုက်ပါ။

စာဖတ်သူတို့ သိနေတဲ့ တခြား အသီးဖျော်ရည်တွေ ရှိနေရင်လည်း Comments မှာ ရေးသားခဲ့ပေးပါနော်။