ဘာကြောင့် အဆီဓာတ်က လိုအပ်သလဲ

  • အဆီဓာတ်က စွမ်းအင်အတွက် အဓိက အရင်းအမြစ်ဖြစ်ပြီး ကာဗိုဟိုက်ဒရိတ် နှင့် ပရိုတင်းထက် ပိုပြီးအရေးကြီးပါသည်။
  • အဆီ ၁ ဂရမ်သည် စွမ်းအင် ၉ ကယ်လိုရီ ကို ပေးစွမ်းနိုင်ပါတယ်။
  • သင့်ခန္ဓာကိုယ်ထဲမှာရှိသည့် အဆီဓာတ်က လောင်ကျွမ်းပြီး စွမ်းအင်အဖြစ်ပေးပါတယ်။
  • ခန္ဓာကိုယ်အတွက် ကျန်းမာတဲ့ ဆဲလ်တွေကို တည်ဆောက်ရာတွင် ဆဲလ်များက အရေးပါပါတယ်။

သင်ဟာ သတ်သက်လွတ်သမားဖြစ်ပါက ခန္ဓာကိုယ်ကလိုအပ်သည့် အဆီဓာတ်များကို အသားဓာတ်မှ မဟုတ်ဘဲ ဘယ်ကနေ ရနိုင်မလဲ။

အယ်မွန်၊ အခွံမာ အသီး နှင့် အစေ့များ

Almonds၊ အခွံမာ အသီး နှင့် အစေ့အစံများသည့် သီဟိုစေ့များမှာ Omega 3 Fatty အက်ဆစ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီအက်ဆစ်များသည် ကောင်းမွန်သည့် အဆီဓာတ်များဖြစ်ပါတယ်။

နေ့လည်စာနှင့် ညစာ ကြားမှာ ဗိုက်ဆာလျှင် ဘီစကစ်၊ ကိတ်မုန့်တို့ကို စားသုံးမယ့်အစား အခွံမာအသီးကို လက်တစ်ဆုပ်စာလောက်စားသုံးပေးပါ။

တို့ဖူး

ပဲနို့မှ ပြုလုပ်တဲ့ တို့ဖူးသည် Polyunsaturated အဆီဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

ပဲနို့

ပဲနို့တွင်လည်း Polyunsaturated Fat ကြွယ်ဝစွာပါဝင်နေပါတယ်။

ပြောင်းဖူး

ပြောင်းဖူးတွင်လည်း Unsaturated Fat ကြွယ်ဝစွာပါဝင်နေပါတယ်။