အမေရိကန်ပြည်ထောင်စုမှာဆိုရင် အရွယ်ရောက်ပြီးသူတွေရဲ့ တစ်ဝက်လောက်မှာ သွေးတိုးရောဂါရှိနေကြတယ်လို့ အမေရိကန် နှလုံး ရောဂါအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သွေးတိုးရောဂါက အစပိုင်းမှာတော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သတိမထားမိဘဲ ရောဂါ အခြေအနေဆိုးရွားသွားတတ်ပါတယ်။

သွေးတိုးက စိတ်ဖိစီးမှု၊ အာဟာရ ပြည်စုံအောင် မစားသောက်မှု၊ မျိုးရိုး၊ ဆေးလိပ် နှင့် နေထိုင်မှုပုံစံမမှန်မှုတို့ကြောင့် ဖြစ်တတ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ သွေးတိုးကို ကျစတေဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ Nitric Oxide တွေ ထုတ်လုပ်ပေးပြီး သွေးကြောတွေကို သက်သာစေပြီး သွေးဖိအားကို လျော့ကျစေပါတယ်။

၂၀၁၄ ခုနှစ်က သုတေသနပြုလုပ်ခဲ့တဲ့ Integrated Blood Pressure Control စစ်တမ်းအရ သွေးတိုးက Sulfur ဓာတ်ချို့တဲ့ရင် ဖြစ်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ကြက်သွန်ဖြူမှာ Organosulfur ကွန်ပေါင်းဓာတ်တွေပါဝင်နေပါတယ်။

သွေးတိုးကျစေပြီး သွေးလည်ပတ်မှုကောင်းစေဖို့ နေ့စဉ် ကြက်သွန်ဖြူ ၂ ခု သို့ ၃ ခုကို အစာအိမ်ထဲမှာ ဘာမှမရှိခင်မှာ အစိမ်းလိုက် ကိုက်စားပေးပါ။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်ကလည်း သွေးတိုးကို ကျစေပါတယ်။ ပါဝင်တဲ့ Antioxidantဓာတ်တွေက သွေးတိုးကို ကျစေပါတယ်။

2006 ခုနှစ်က သုတေသနပြုလုပ်ခဲ့တဲ့ Journal of American College of Nutrition က သစ်ကြမ်းပိုးခေါက်က ဇီဝကမ္မဖြစ်စဉ်ကို နှင့် သွေးတိုးကို ထိန်းညှိပေးပါတယ်။

သစ်ကြမ်းပိုးခေါက် အမှုန့်အနည်းငယ်ကို မနက်ဆိုရင် ကော်ဖီထဲထည့်ပြီး သောက်ပေးပါ။ ဒါမှမဟုတ် ကွေကာအုပ်သောက်ရင်လည်း အနည်းငယ်ထည့်ပြီး သောက်ပေးပါ။